Ep-(31)

15.2K 990 30
                                    

စေ့စပ်​ပွဲဆိုတဲ့အတိုင်း အကျဉ်းချုံးပဲလုပ်​ဖြစ်​တာပါ။နစ်​ဖက်​အသိုင်းအ၀ိုင်းရဲ့ရင်းနှီးတဲ့သူ​တေသာ ဖိတ်​ထားတာပါ။

ဆက်​ဧကရာဇ်​ က အ​ပေါင်းအသင်းနည်းလွန်းပါတယ်​။ဟိန်းထက်​နဲ့လင်းမြတ်​ကလွဲလို့ မရှိပါ။သို့​ပေမဲ့လည်း သိမ့်​ထက်​ရဲ့ အသိ​တေ သိမ့်​ထက်​မိဘရဲ့ အသိမိတ်​​ဆွေ​တေ ဆက်​မိဘရဲ့ အသိ​ဆွေမျိုး​တေ ကို ဆက်​ မသိပါဘူး။

အာ့မသိတဲ့သူ​တေကိုပဲ မပြုံးချင်​​သော်​လဲပြုံးပြရ၊ မရယ်​ချင်​​သော်​လဲရယ်​ပြရ၊ စကားမ​ပြောချင်​​သော်​လဲ ကြိတ်​မှိတ်​​ပြန်​​ပြောရနဲ့ ဆက်​ဧကရာဇ်​ စိတ်​​တေရှုတ်​​နေပါပြီ။

ထိုလူ​တေအများကြီးထဲမှာ ​မျှော်​​နေတဲ့သူက​တော့ ရှိမ​နေခဲ့ဘူး။မလာမဖြစ်​လာရမယ်​လို့ ​ပြောထားတာကို​တောင်​မှာ မလာဘူးလား။

မင်းကျ​တော့မိန်းမတစ်​​ယောက်​နဲ့အတူအိပ်​​နေပြီး ငါမိန်းမတစ်​​​ယောက်​နဲ့ ​စေ့စပ်​တာကြ​တော့ မင်း ကြည့်​ဖို့ သတ္တိမရှိတာလား။

စေ့စပ်​ပွဲပြီးသွားလို့ ဧည့်​သည်​​တေလဲ ပြန်​ကုန်​ကြပြီ။သိမ့်​ထက်​က​တော့ ဆက်​ တို့အိမ်​မှာ​နေခဲ့​သေးတယ်​ ည​နေမှ လိုက်​ပို့ခိုင်းမယ်​ဆိုပြီး။နေ့လည်​ ​လောက်​ကျ​တော့ ရှင်းခန့်​ပိုင်​ ​ရောက်​လာခဲ့တယ်​။

တစ်​ပတ်​​တောင်​မ​တွေ့ဖြစ်​တာ...
ဘယ်​​လောက်​​တောင်​လွမ်းလိုက်​ရသလဲ...
ရှင်းခန့်​ပိုင်​ကို လွမ်းတယ်​ လို့ ​တွေးမိလိုက်​တာနဲ့
ထိုအ​တွေး​တေကို ​ခေါင်းထဲက မြန်​မြန်​ ထုတ်​လိုက်​တယ်​။

ရှင်းခန့်​ပိုင်​ဆိုတဲ့ မင်းက ...
ငါ လွမ်း​မော​နေတာကိုခံသင့်​တဲ့..
သူတစ်​​ယောက်​မဖြစ်​သင့်​ဘူး...
ငါ့အမုန်း​တေနဲ့ ထိုက်​တန်​သင့်​တာ...

"မင်းဘာလို့ အခုမှလာတာလဲ.."

"ငါ မနက်​ကလာမလို့ပါပဲ ​မေ​မေအ​တော်​​နေမ​ကောင်းဖြစ်​​နေလို့ အခုမှလာခဲ့ရတာ..."

"ငါနဲ့ သိမ့်​ထက်​ ​စေ့စပ်​ပွဲ ကို ငါကမင်းကိုအရင်​မြင်​​စေချင်​ခဲ့တာ...ထားပါ​တော့ မင်းကို​ပြောစရာရှိ​သေးတယ်​..."

SERVANT Where stories live. Discover now