Ep-(9)

21.6K 1.4K 19
                                    

လင်းမြတ်​အိမ်​လာပြီးထဲက ကျွန်​​တော့်​အ​တွေး​တေ စိတ်​​တေ အရမ်းရှုတ်​​ထွေး​နေတယ်​ ။ကိုယ့်​ကိုယ်​ကိုလဲ ​သေချာပြန်​စဉ်းစား​နေမိတယ်​ ။

ဟုတ်​တယ်​ ကိုယ့်​ကိုယ်​ကို ၀န်​ခံပါရ​စေ...ကိုယ့်​ကိုယ်​ကို အာ့လိုလူမျိုးတစ်​​ယောက်​ဖြစ်​လာရလိမ့်​မယ်​လို့ လုံးဝမထင်​ထားဘူး...

ငါ့လိုအ​စေခံတစ်​​ယောက်​က ငါ့ရဲ့သခင်​လဲဖြစ်​တဲ့ ​နောက်​ပြီး ​ယောက်​ကျား​လေး တစ်​​ယောက်​ဖြစ်​တဲ့ မင်းကို ငါ ချစ်​​နေမိပြီ ဆက်​ ရာ.....

အခုလို မင်းနဲ့ခွဲ​နေရတာ ငါမင်းကိုလွမ်းလှပြီ ..အရင်​လို ​အော်​​ဟောက်​ဆူမဲ့ မင်းအသံ​လေးလဲ ကြားချင်​လှပြီကွာ....

~~~~~~~~~~~~~~~~~

"နာသွားလား ဧကရာဇ်​ "

"အမ​လေး ဟ သိမ့်​ထက်​ရယ်​ နင်​က နင့်​လူကို သိပ်​အကဲပိုတာပဲ ဒီ​ကောင်​က မိန်းမ​ချော​ပေမဲ့ ​ယောက်ျားရင့်​မာကြီးပါဟာ အာ့​လောက်​လဲ စိတ်​ပူစရာမလိုပါဘူး"

"ဘာ မိန်းမ​ချော ဟုလား ..ဒီ​ကောင်​​ခေါ်လာမိတာ ငါ့အမှားပဲ "

"​သောက်​​ကောင်​ မင်းပဲ မတရား​ခေါ်လာတာ​လေ"

"ထားပါ​တော့ ကွာ ပြီး​တော့ သိမ့်​ထက်​ ငါ့လက်​ဓားရှတာ အသက်​နဲ့ အ​ဝေးကြီး စိတ်​မပူပါနဲ့  ​တော်​ကြာ ဒီ​ကောင်​အ​ပြောအဆိုခံ​နေရမယ်​"

"ဟားဟား"

ဒီ​နေ့​နေ့လည်​စာအတွက်​မီးဖို​ချောင်​မှာ ကျွန်​​တော် တို့သုံး​ယောက်​ တာဝန်​ယူချက်​ပြုတ်​​နေတာပါ ကျွန်​​တော် ကြက်​သွန်​လှီးရင်း ဓားရှမိတာပါ..

ချက်​ပြုတ်​ပြီးတာနဲ့ သိမ့်​ထက်​ အဖိုးနဲ့အဖွားကို အရင်​​ ဦးဦးဖျားဖျား စားခိုင်းလိုက်​ပြီး​တော့မှ ကျန်​​တော့တို့ သုံး​ယောက်​ စား​သောက်​ကြတာ​ပေါ့

"​တော်​ပါပြီ သိမ့်​ထက်​ရယ်​ ငါ့ပန်းကန်​ထဲလဲ ထမင်း ​တောင်​မမြင်​ရ​တော့ဘူး နင့်​ဘာသာစားပါ ငါရပါတယ်​ "

"ငါက ဧည့်​သည်​ ကို ဧည့်​ဝတ်​​ကျေချင်​လို့ပါ​နော်​ "

"​ပြောတတ်​လိုက်​တာ ​ဟော့ဒီက ကျွန်​​တော် ဟိန်းထက်​ ကလဲ ရန်​ကုန်​ ကလာတဲ့ ဧည့်​သည်​ ပါ​နော်​ ဧည့်​သည်​ ​တောင်​ ဘက်​လိုက်​​နေတယ်​"

SERVANT Where stories live. Discover now