အပိုင်း-၁

9.3K 734 65
                                    

"ဂုဏ်ယူပါတယ်။ သင်တို့သေဆုံးသွားပါပြီ။ အခုဆိုရင် သင်တို့ရဲ့ဘဝအမှတ်တွေကို
တွက်ချက်ပြီးရင် ရရှိမယ့်ဘဝကို ရွေးချယ်နိုင်ပါပြီ။ "

ဆယ်ဟွန်း မျက်စိနှစ်ဖက်ဖွင့်မိသည်နှင့် ကြားလိုက်ရသော စက်ရုပ်ကဲ့သို့အသံ။
မြင်လိုက်ရသော အဆုံးမဲ့ကွင်းပြင်ဖြူဖြူကြီး၌ လူတွေကထောင်သောင်းမက…။
အဖြူရောင်ဝတ်စုံတွေနှင့်  တန်းစီနေသည်က ညီညီစီစီ ဆယ်ဟွန်းသည်လည်း တန်းစီဇယား၏နောက်ဆုံးမျှသော အနေအထား၌……။

ရုတ်တရက် စဉ်းစားမိသည့်မှတ်ဥာဏ်တို့က အပိုင်းပိုင်းအစစ ကားတိုက်မှု၊ကွဲဖြာလာသည့် မှန်စများ၊ မီးညွန့်မီးလျှံများ……။

ထို့အပြင်
သေဆုံးမှု…။

ဤသို့တွေးမိလိုက်သည့်အခါ ဆယ်ဟွန်းခေါင်းတို့ ထိုးကိုက်လာရကာ
မျက်ရည်လည်း ဝဲလာရချေပြီ။  မိဘ၊အကိုတို့ကိုလည်း သတိရမိလိုက်သေးသည်။ အရာရာက ပြန်မလှည့်နိုင်တော့သည့်အလား…… သူ အမှန်တစ်ကယ်ပင် သေဆုံးခဲ့ပြီထင်၏။

"ဟေ့ အရှေ့က တစ်ယောက်! "

"………"

"မင်းကိုပြောနေတာ!"

လက်တို့၍တဖုံ၊အော်ခေါ်၍တသွယ်နှင့် လူသားအား ကြည့်မိသည့်အခါ ဆယ်ဟွန်းလန့်ဖျားဖျားချင်သွားရသည်။

မဲလိုက်သည့်အသား……။ လူတစ်ကိုယ်လုံး၌ ဆယ်ဟွန်းကို ဖော်ရွေပျူငှာစွာ ရယ်ပြနေသော သွားဖွေးဖွေးတို့သာ ကောင်းကောင်းမြင်ရသည်။
အသားအရောင်ခွဲခြားသည့်ထဲ၌ ဆယ်ဟွန်းမပါတတ်သော်ငြား ရုတ်တရက်ဟူသည့် အခြေအနေ၌ တစ္ဆေလှန့်သကဲ့သို့ လန့်သွားရပေ၏။

"ဟေ့ ငါ့နာမည် မာရွန်ပါ။ မင်းနာမည်က…"

"ဆယ်ဟွန်း~ "

"အိုး…… ကိုရီးယားလား? "

"အင်း~ "

"ငါက ဂါနာကလေ ဟဲဟဲ"

"ကြည့်ရုံနဲ့သိပါတယ်ဗျာ မဲနေတာပဲကို"

ဆယ်ဟွန်းနှင့်ထိုသူက ဘာသာစကားမတူလည်း နားလည်နေကြသည်က ထူးခြားအံ့သြဖွယ်……။ လူတန်းကြီးက တဖြည်းဖြည်းရွေ့ရင်းနှင့်မှ သူတို့နှစ်ယောက် စကားပြောနေကြခြင်းကြောင့် ဆယ်ဟွန်း၏တီးတိုးစကားအား ထိုသူမကြားလိုက်……။မကြားတကြား ဆယ်ဟွန်းအတင်းဆိုသံအား  မကြားလိုက်ရ၍ မျက်လုံးကြီးပြူးကာ ဆယ်ဟွန်းကို မေးလာ၏။

~ Perfection of Villianess ~Where stories live. Discover now