"မွေးရပ်ဇာတိ ယီရှန်းလင့်ယနှင့် ဝိညာဉ်အစွမ်း~ "
မြင်းပေါ်၌ တင်ပါးပူမတတ်စီးပြီးလောက်သည့် အချိန်ပမာဏ၌ ဆယ်ဟွန်းပျင်းရိ၍လာပြီဖြစ်သည်။ ဟိုဟာဘာလေးလဲဟင် သည်ဟာကရော ဘယ်နေရာလဲ စပ်စု၍တက်ကြွနေမည့် ကိုရွှေကြက်ဖအစားထဲ၌ ဆယ်ဟွန်းမပါဝင်…။ ထို့အပြင် အနောက်မှမိစ္ဆာသခင်ကြီးက ဒေါသပွေ၍ မဆင်မခြင် ချောက်ထဲတွန်းချလိုက်မည်ကိုလည်း စိုးထိတ်ရသေး၏။ ကြာလာပေတော့လည်း ဆယ်ဟွန်းမှာပျင်းရိလာကာ မျက်လုံးကလက်တစ်ဆစ်ပင် မပွင့်ချင်လေတော့…။ အသိစိတ်က အထိန်းမဲ့၍ မြင်းမွှေးဆွဲလက်တို့က လွတ်လျော့ကာ ခန္ဓာက ယိမ်းထိုးလာပေပြီ။ မည်သို့မျှ ပြူးမရပြဲမရ လက်ကို အနာခံကိုက်မရသည့်အဆုံး ဆယ်ဟွန်းမှာတိုက်ပွဲကျ စစ်သူကြီးကဲ့သို့ ဇက်ကြီးလည်လိမ် ဖြစ်နေရှာလေတော့၏။
ကျုံးရိနျဉ်မှာ သူ့အရှေ့မှကိုယ်တော်လေး၏ ရတတ်ပွေနေရခြင်းကို မမြင်သည်တော့မဟုတ်။ အိပ်ငိုက်မိစိုး၍ လက်ကို အားပါးတရ ကုန်းကိုက်နေစဉ်ကတည်းက
သူသိနေသည်။ ထိုခဏ သူ့နှုတ်ခမ်းနှုတ်လွှာက ရယ်ချင်စိတ်ဖြင့် သိသိသာသာ ညွှတ်ကွေးသွားသေးလေ၏။ ယိမ်းယိုင်နေသည့်ကိုယ်ခန္ဓာက မြင်းပေါ်မှ ကျတော့မတတ်ဖြစ်နေသည်ကြောင့် လက်ဖဝါးတစ်ဖက်ဖြင့်သာ ခံပေးထားသော်လည်း ထိုလူသားမှာ အိပ်နေသည်က ကြက်လည်လိမ်သည်ထပ်ပင် အဖြစ်ဆိုးနေသည်မို့ ချောင်းတစ်ချက်ဟန့်မိကာ ဒယီးဒယိုင်ခေါင်းကို သူ့ပခုံးထက်မှီနားစေလိုက်သည်။
ထိုစဉ် ဘေးချင်းကပ်ရပ် စီနင်းနေသည့် ဝူရိဖန်း၏မကျေမနပ်နှာမှုတ်သံကို ကြားလိုက်ရပြီး ဘေးချင်းယှဉ်လျက်အနေအထားမှ မြင်းကို အရှိန်တင်၍အရှေ့သို့ အလျင်သွားလေတော့၏။အမျိုးသားငယ်သည်ကား ကုတင်ရွှေနန်းထက်၌ သက်တောင့်သက်သာ အိပ်ရသည့်အလားပင် အသက်ရှူသံတို့သည်ပင် ချောချောမွေ့မွေ့…။ ရင်ခွင်ထဲ ကောအမျိုးသားတစ်ယောက်ရှိနေသည့် အနေအထား၌ပင် ရိနျဉ်လည်း အများကြီးမစဉ်းစားတော့ပဲ မြင်းကိုသာ အဖွဲ့နှင့်အမှီ စီးနင်းလိုက်လေတော့၏။
"သခင်~ သခင်"
"ဟင် ဘာတုန်း! ရောက်ပြီလား?"
YOU ARE READING
~ Perfection of Villianess ~
Fanfiction21ရာစု အိုဆယ်ဟွန်းဟာ Novaeဘဝသစ်တံခါးကနေ ဖြတ်ရင်းမှ ရှေးဟောင်းကမ္ဘ္ဘ္ဘာက ဗီလိန်တစ်ဦးရဲ့ဘဝကို ရရှိသွားတဲ့အခါ...... ဗီလိန်ဖြစ်သွားရရှာတဲ့ အိုဆယ်ဟွန်း: "... " fuckပဲ!!!!