အပိုင်း-၁၄

5.2K 753 65
                                    


"မိစ္ဆာသခင်~ ကျုံးရိနျဉ်"

ဆယ်ဟွန်းမျက်နှာက မဲ့ရွဲ့ရှုံ့တွနေစဉ်၌ ထိုကယ်တင်ရှင်သူရဲကောင်းကြီး မည်သူနည်းဆိုသည်ကို ကြည့်ရှုချင်စိတ်မရှိ။  ဓါးနှင့်ချိန်ရွယ်နေသည့် ငနဲသားကိုသာ မျက်စောင်းချည်း လှိမ့်ထိုးနေမိ၏။

မျိုးကန်းသွားအောင် ကန်ပစ်ချင်စိတ်ကလည်း တဖွားဖွား…။
ထိုစဉ်၌ နောက်တစ်ကြိမ် အေးစက်ကာ ဆွဲဆောင်မှုရှိလှသည့်လေသံက ထွက်ပေါ်လာ၏။

"သူ့ကိုလွှတ်~ "

"ဘာကိစ္စလဲ?  မင်း …မင်းငါ့အနားကို ကပ်မလာနဲ့ ငါ ဒီတစ်ယောက်ကို တစ်ကယ်သတ်မှာနော်"

ဆယ်ဟွန်းလည်ပင်းထက် လက်ကိုတင်ကာ ကြောက်လန့်တုန်လှုပ်စွာ ပြောဆိုနေသည့် ငတုံးအား သည်းမခံနိုင်တော့၍ နောက်ပြန်ကန်ချက်ဖြင့် ကန်လိုက်ပြီး မျက်နှာကို တစ်ပတ်လည် ပိတ်ရိုက်ပစ်လိုက်တော့သည်။ ထိုဓါးပြလွင့်စင်သွားသည့်အခါ ဆယ်ဟွန်း လက်ကိုဖုန်ခါပြီးမှ ဓါးရှည်ကိုကောက်ယူကာ ကယ်တင်ရန်ရောက်ရှိလာသည့် အမျိုးသားကို ကျေးဇူးတင်သည့်အနေုဖြင့် ဂါရဝပြုလိုက်မိ၏။

"ဒီက အကိုကြီးကို ကျေးဇူးတင်ပါတယ်။ အကိုကြီးက ဒီမိန်းကလေးတွေငါးယောက်လုံးကို ကယ်တင်လိုက်တာပဲ "

"ဒီနေရာက အန္တရာယ်များတယ်။ မင်းပြန်တော့~ "

"ဗျာ? ကျွန်တော်လား? ကျွန်တော်က ကိစ္စမရှိပါဘူး။ ဟေ့ အကိုကြီး! (Da ge)"

ဆယ်ဟွန်း ရုတ်ချည်းမြင်းထံ ပြန်လျှောက်သွားသည့် ထိုသူအနောက်သို့ လိုက်အလျှောက်
ထိုသူရပ်တန့်လိုက်သောအခါ ဆယ်ဟွန်းခေါင်းနှင့် ကျောပြင်ဆောင့်သွားရပြီး အာလူးသီးတစ်ခုထကာ မူးဝေ၍ နောက်လန်လဲကျတော့သည်။
သည်က လူတွေအတော်အသားမာလွန်းသည်ဟု
ကြေကွဲစွာတွေးရင်း ပျော့ဖတ်ဖတ်အိုဆယ်ဟွန်းလေး မြေပြင်ထက်သို့မလဲကျမီအချိန်၌ ခါးကိုဆွဲယူ၍ အချိန်မှီဖမ်းတားနိုင်လိုက်သော လက်တစ်စုံ……။
ဆယ်ဟွန်းသည်လည်း လဲကျမသွားစေရန် အားယူသည့်အနေနှင့် ထိုသူ၏လက်အား ပြန်လှန်ဆုပ်ကိုင်ထားမိလိုက်သည်။ ထို့နောက်
မော့ကြည့်လိုက်မိ၍ မျက်နှာအားအမြင် အံ့သြစွာရပ်တန့်သွားရသည်။ ဆယ်ဟွန်းမြင်နေရသော အနက်နှင့်အနီနှောသည့်ဝတ်ရုံရှင် အမျိုးသားက ချောမောခန့်ညားသော်လည်း မျက်ဝန်းအစုံက တမျိုးတမည်သော ကြောက်လန့်စရာ ခံစားချက်ကိုပေးသည်။ သူ၏မျက်ဝန်းများက ဆယ်ဟွန်းကို အံ့သြယောင် စက္ကန့်ပိုင်းစာမျှသာ ရှု၍ ချက်ချင်းအကြည့်လွှဲကာ ခါးကိုဖမ်းထိန်းပေးထားခြင်းအား လွှတ်ပေးလိုက်သည်။ ထို့နောက် လက်ကိုအသာလှုပ်ယမ်းလိုက်သည်နှင့် အမျိုးသမီးငယ်တို့၏ ချည်ကြိုးများပြေကျသွားရကာ သစ်ပင်၌စိုက်နေသည့် ငွေရောင်မြှားက ထိုအမျိုးသားဆီ ပြန်လည်ပျံသန်းကာ လက်တွင်းသို့ဆင်းသက်လာ၏။
အမျိုးသမီးငယ်တို့က ကျေးဇူးတင်စကားပြောဆို၍ အုပ်စုလိုက် ပြေးအလွှားထွက်သွားကြသည့်အခါ
ထိုသူက မည်သည့်စကားမှ ဆက်မဆိုပဲ ထွက်သွားရန်အပြင် မီးခိုးရောင်မြူမှုန်အားသိပ်သည်းလာကာ ထိုအထဲမှဓါးတစ်လက်က ထိုအမျိုးသားထံရွယ်လာသည်မို့ ဆယ်ဟွန်း သတိလှမ်းပေးလိုက်မိ၏။

~ Perfection of Villianess ~Where stories live. Discover now