အပိုင်း-၃

6K 803 103
                                    

ရှီရွှင်းဘဝ၌ သူစိမ်းတို့နှင့်စတင်တွေ့ဆုံ

ကလေးတစ်ဖက်ချီရင်း  မီးဖိုဆောင်သို့ချီတက်နေသည့် ဆယ်ဟွန်းအား အိမ်ဝန်းတွင်းမှအစေခံတို့က အံ့အားသင့်သလို ကြည့်ရှုကြ၏။ အကြည့်တို့ကစူးလွန်းလှသည်ကြောင့် အနေပင်မတတ်ဖြစ်ရမလောက်……။ သို့သော် ဆယ်ဟွန်းက ယခင်ဘဝတည်းမှ ထိုအကြည့်တို့အား ကျင့်သားရနေသည်မို့ အနေရခက်သည်မျိုးမရှိ။  တချို့ကမူ ကြည့်သည်နှင့်ပင် မရောင့်ရဲနိုင်ပဲ တီးတိုးဆိုသည့် အတင်းအဖျင်းတို့သည်ပင် အတိုင်းသားကြားရတတ်သေး၏။ ဆယ်ဟွန်းသည်ကား မျက်နှာပြောင်တိုက်သည့် အမျိုးအစားတွင်ပါဝင်သည်မို့ သူတို့၏အကြည့်၊အပြောတို့အား ရေးရေးမျှပင် ဂရုမထား……။ ပြောင်တင်းရဲလှစွာဖြင့် မီးဖိုဆောင်ဘက်သို့သာ ဦးတည်သွားမိသည်။

အစေခံတို့သည်ကား ထိုလှပအေးစက်သည့် ကြင်ယာတော်အား မျက်မြင်ဓိဋ္ဌမြင်ရ၍ အံ့အားသင့်နေကြသည်သာ။
အမျိုးသားကြင်ယာဟူ၍ တစ်ဦးတည်းသာရှိသည်မို့နဖူးရှိနီရဲလှသောအမှတ်ပိုင်ဆိုင်သည့် Geသည် ဝူရှီရွှင်းမှန်း အတပ်သိကြရ၏။
ကြားဖူးသည့်သတင်းများထဲမှကဲ့သို့ ကြင်ယာတော်ရှီရွှင်းက နှစ်ခြိုက်တတ်သည့် သစ်ခွရောင်အထည်တို့ကို မဆင်မြန်းထား။ ဆံပင်အား လျော့တိလျော့ရဲစည်းထားသော်လည်း အသရေမရှိသည်မျိုးလည်း မဟုတ်။

အဖြူထည်သာ ဆင်မြန်းလျက် အေးစက်သည်ဟု အဆိုရှိသော မျက်နှာထားသည်ကား နွေးထွေးသော အပြုံးတစ်ပွင့်ချိတ်ဆွဲလျက်။ အစေခံယောကျာ်းမိန်းမတို့သည်ကား
ထိုနတ်တမျှလှသော  ဒုတိယမင်းသား၏
အမျိုးသားကြင်ယာအား စူးရှရှကြည့်ရှုငေးမောနေကြရလေ၏။

"သခင် ဒီမှာခဏစောင့်ပါ ကျွန်တော်  မီးဖိုဆောင်တာဝန်ခံကို သွားခေါ်ပေးပါ့မယ်။ "

"အင်း~ "

အားချင့်က မီးဖိုဆောင်သို့အပြေးဝင်သွားသည်မို့
မုန့်လုံးလေးကို လက်ပေါ်မှခဏချရင်း အညောင်းဖြေကာ စောင့်ဆိုင်းနေမိသည်။ ရှေးခတ်က မီးဖိုဆောင်ပေမို့ ထင်းမီးလျှံတို့က တဝေဝေ…
မီးခိုးတို့ကအူထွက်နေလျက်……။ ဆူညံစွာသက်ဝင်လှုပ်ရှားလျက်ရှိသော မီးဖိုဆောင်အရှေ့ မုန့်လုံးလေးအား ချော့မြူကစားနေစဉ်၌ မီးဖိုဆောင်မှအပြေးထွက်လာသည့် ကောင်မလေးတစ်ဦးက မုန့်လုံးလေးအား ဖြတ်တိုက်မိတော့မလိုဖြစ်သည်ကြောင့် မုန့်လုံးလေးအား ဆွဲလိုက်ရာတွင်မမှီတော့။ ကောင်မလေးလက်တွင်းမှ ပူလောင်လောင်ဟင်းရည်ခွက်က  အန်းလျန်လေးအတွက် အန္တရာယ်များသည်မို့ ထိုကောင်မလေးကိုသာ အလျင်အမြန်တွန်းထုတ်လိုက်ရ၏။

~ Perfection of Villianess ~Where stories live. Discover now