အပိုင်း-၆

5.8K 796 61
                                    

ဟန့်ကျင်းရဲ့ လျို့ဝှက်ခံစားချက်


"မင်းတို့ ဘာမှမပြောနိုင်ကြတော့ဘူးမလား?? ဒါဆို ဒီအပယ်ခံလေးကို ခွင့်ပြုလေနော့။ ငါ ငါ့သားနဲ့နေ့လည်စာစားရဦးမှာမို့!"

"နင်!! နင် တော်တော်သတ္တိကောင်းနေတယ်ပေါ့ ငါနင့်ကို ဝမ်ရယ်နဲ့တိုင်ပြောပစ်မယ်။"

"တိုင်ပေါ့ကွာ ဂရုမစိုက်ဘူး။ "

ရန်ဖြစ်ရသည်ကို အားရသွားသည့်ဆယ်ဟွန်းက သူမတို့ပြောသမျှ တုံ့ပြန်ချင်စိတ်ကင်းမဲ့၍ ကျောခိုင်းလှည့်ထွက်မိသည်။ အပျင်းပြေသွားပြီဆိုမှတော့ဖြင့် အဘယ်ကြောင့် လေကုန်ခံရန်ဖြစ်နေဦးမည်နည်း။ သူမတို့စကားမှန်သမျှ လျစ်လျူရှုပစ်တော့မိသည်။ အန်းလျန်လေးက သူဖေဖေ၏ တခြားသောတစ်ဖက်အား မြင်တွေ့ခွင့်ရလိုက်သည့်အလား ပါးစက်အဟောင်းသားနှင့်……။  အားချင့်သည်ကား သခင်၏ရန်ပွဲအား ဘောလုံးပွဲနှင့်မှားနေသည်ထင်၏။ လင်သီးလက်မောင်းတန်းလျက် တိတ်တဆိတ်အားပေးနေလေ၏။ တစ်ဖက်အသင်းမှ မိန်းမပျိုများသည်ကား စကားတတ်လှသည့် အမျိုးသားကြောင့်
တုံ့ပြန်နိုင်စရာ ချက်ကောင်းမဲ့နေရုံမှအပါး……
သို့သော် ဆယ်ဟွန်းထွက်ခွာမသွားခင် ယင်စူးက ခြိမ်းခြောက်လိုက်၏။

"နင် …… နင်အမောင်းထုတ်ခံရမှာ မကြောက်ဘူးလား? "

ယင်စူး၏ ထစ်ငေါ့ငေါ့ဆိုလိုက်သည့်အသံက စူးစူးဝါးဝါး………။
ယွဲ့ယွဲ့သည်ကား ဘာစကားမှမဆိုနိုင်လောက်အောင် မျက်နှာပျက်ယွင်းလျက်……။
အိုဆယ်ဟွန်းသည်ကား စင်ပေါ်မှလူဖြစ်၍ အပြုံးတစ်ပွင့်က မျက်နှာထက်မှ မလျော့ရဲသွားသေးပါချေ။

"ဟမ့်! သူသာအလိုရှိရင် ငါကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ပြီပဲ။ "

"အကိုဝူ~ "

"အန်းလျန် သွားမယ်! နောက်ဆိုရင် အဲ့ဒီကလေးတွေနဲ့ ဝေးဝေးမှာနေ သား တော်ကြာ  လူတန်မဲ့ ကိုက်တတ်တဲ့အကျင့်တွေ ကူးလာပါဦးမယ်။"

မုန့်လုံးလေးအား လက်တစ်ဖက်မှဆွဲ၍ ရန်ပွဲမှ အနိုင်ပိုင်းထွက်ခွာလာသည့် ဆယ်ဟွန်း မျက်နှာက မျက်နှာပိုးသတ်မရ……။  အားချင့်သည်ကား သခင်အား  နတ်ဘုရားတစ်ပါးအား အရှင်လတ်လတ်ဖူးတွေ့ရသကဲ့သို့ အရောင်တလက်လက်ထသည့် မျက်ဝန်းတို့နှင့် လေးစားစွာ ကြည့်နေရှာ၏။ ယခင်ကဆိုလျင် ဝူရှီရွှင်းသည်ကား ဤသို့ပြန်ပြောရန်မဆိုထားနှင့် သူမတို့မြှားသည့် စကားထောင်ချောက်၌သာ  အစဉ်ပိတ်မိတတ်သည်မို့……။
အားချင့်တစ်ယောက် သခင့်စကားစစ်ထိုးသည့် အရည်အချင်းတို့အား မျက်ရည်ဝဲလောက်သည်အထိ လေးစားနေမိခြင်းပါပေ။

~ Perfection of Villianess ~Where stories live. Discover now