အပိုင်း-၂

6.4K 829 77
                                    

အိုဆယ်ဟွန်း၏ မိသားစုဝင်အသစ်များ။

"သခင် သခင် ပြန်နိုးလာပြီလား?"

"အေး ငါအခုတော့ ပြန်မေ့လဲချင်လာပြီ။"

"အာ သခင်ကလည်း စွပ်ပြုတ်လုပ်ထားတာမို့ စားလိုက်ပါဦး။ အဆိပ်က သခင့်ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတာမို့ အာဟာရဖြည့်တင်းဖို့လိုတယ်လို့ သမားတော်မှာသွားတယ်။"

ပွစိစိနှင့်စကားများလွန်းသည့် ထိုစုတ်ပြတ်ပြတ်ကောင်ငယ်လေး အမည်နာမက အားချင့်......။ ဆယ်ဟွန်း၏အစေခံကောင်လေးဖြစ်ပြီး အသက်အရွယ်အားဖြင့် ဆယ့်သုံးမျှသာရှိဦးမည်။ စွပ်ပြုတ်ပန်းကန် ဆယ်ဟွန်းဆီသို့ကမ်းပေးရင်း စကားများနေသည့် ကောင်လေးကြောင့် သက်ပြင်းချကာ စွပ်ပြုတ်ပန်းကန် လက်လှမ်းယူမိရလေ၏။

"အားချင့်! မုန့်လုံးလေးရော??"

"မင်းသားလေးကလား? စာပေသင်ယူနေပါတယ်ခင်ဗျ "

"ဟုတ်လား??"

"ဒါနဲ့ ဒုတိယမင်းသားက တစ်ခါမှလည်းမလာဘူးနော်။ သခင်ဒီလိုဖြစ်နေတယ်ဆိုတာတောင် ယွဲ့ယွဲ့ဆီကိုသွားနေတုန်းပဲ။"

ဘယ်သူက အဲ့ငနဲကြီးအကြောင်း သိချင်နေလို့
လာပြောပြနေရတာတုန်း။

ဆယ်ဟွန်း မျက်ခုံးတို့အလိုမကျစွာ တွန့်ချိုးသွားရပြီး အားချင့်ထံရှုမိသည့်အခါ အားချင့်ခမျာ သဘောပေါက်လွဲသွားရသည်က
သူ့သခင်က ဒုတိယမင်းသား လာရောက်မကြည့်ရှုသည့် အတွက်
စိတ်ဆိုးဒေါသထွက်နေသည်ဟု ထင်မြင်သွားလေ၏။ ဆယ်ဟွန်း၏ပုတ်သိုးသိုးရုပ်အား အားချင့်က ဂရုဏာသက်စွာရှုလျက်......။

ဆယ်ဟွန်းသည်ကား အားချင့်ကမ်းသည့် စွပ်ပြုတ်ရည်ကျဲအား မရှုစိမ့်၍ လက်မှအသာချမိလိုက်၏။ထို့နောက် ရှေးဟောင်းမူဟန် အငွေ့အသက်တို့လွှမ်းသည့် အခန်းအား ဝေ့ဝဲကြည့်လျက် စိတ်ပျက်၊လက်ပျက်ဖြစ်နေရရှာ၏။ ဒီဘက်ခေတ်တွေအား ဆယ်ဟွန်းအလွန်ကို စိတ်ပျက်သည်လေ။ စက်ပစ္စည်းကိရိယာလည်း မပြည့်စုံ၊ အနေအစားဆင်းရဲသည်က ပြောစရာပင်မလို။
ပိုဆိုးသည်က ဆယ်ဟွန်းနှစ်သက်သော ပျင်းလျင် တီဗီထိုင်ကြည့်ခြင်းအား မလုပ်နိုင်တော့ပြီမို့......။

~ Perfection of Villianess ~Where stories live. Discover now