အပိုင်း-၂၂

5K 789 109
                                    

အပိုင်း-၂၂
"မထင်မှတ်ထားတဲ့ မတော်တဆ"

ဆယ်ဟွန်းတစ်ယောက် အစွမ်းပိတ်ချိတ်စည်းကို ချိုးဖောက်နိုင်သည့်နေ့မှစ၍ ဥာဏ်များနေခဲ့သည်။

အဘယ်သို့ဥာဏ်များနေသနည်းဆိုကာမူ ကောင်းမှုအကောင်းပြုသည်က သမားတော်လေးကျွင်းယီကြောင့်ပင်။
ဆယ်ဟွန်းမြင်ဖူးသည့် အမျိုးသားတို့နှင့်မတူ တမူထူးသည့်ရုပ်ရည်သွင်ပြင်နှင့် ယဉ်ကျေးဖော်ရွေတတ်ပုံလေးက ဆယ်ဟွန်းရင်ထဲ ကလိကလိပင်ဖြစ်စေသည်။ ထို့ပြင် ယပ်တောင်မိုးပြာနုအား ညင်သာစွာကိုင်စွဲလျက် အမြဲတစေ ပြုံးဟန်ဆင်သည့်မူသွင်က ကျွင်းယီ၏ဆွဲဆောင်နိုင်မှုအား အမှတ်ပို၍တိုးစေ၏။

ဆယ်ဟွန်းမှာ ခေတ်သစ်၌ ဆရာဝန်မလေးအား မြင်ချင်၍ဂွင်ဆင်ဘိသကဲ့သို့ ကျွင်းသခင်လေးအား နေ့တိုင်းမြင်ချင်မိ၍ အင်အားချိနဲ့ဟန်ဆောင်နေခဲ့သည်ဟူသတတ်.…။

ယခုလည်း စမ်းသပ်ပေးနေသည့် ကျွင်းယီအား မျက်နှာနုနုလေး အရည်ပျော်ကျသွားမတတ် စူးစိုက်ကြည့်နေ၍  ကျွင်းယီမှာ ချောင်းတဟန့်ဟန့်…။ 
ဆယ်ဟွန်းမှာမူ ရှက်ရွံ့၍တွန့်သွားဟန်မရှိ ပိုတိုး၍စူးစိုက်ကြည့်ရင်း စိတ်ထဲအတွေးများ၍နေ၏။

သူက တစ်ကယ်ကြီးလှတာပဲ။ ငါလေး ဒီရောက်ကတည်းက အလှအပကို သဘောကျမိတာ ဒါပထမဆုံးပဲ။

"သခင်လေးဝူ တစ်နေရာရာ အဆင်မပြေတာ ခံစားရလား?"

"ဟင့်အင်း "

"အဲ့ဒါဆို တော်သေးတာပေါ့။ အဲ့လိုအစီအရင်ခံစားရတာက ကျင့်ကြံသူတွေအတွက် အတော်ဆိုးဝါးတယ်။ သခင်လေးကတော့ အံ့မခန်းပါပဲ။ "

"မဟုတ်တာ… ကျွန်တော်က ကျွန်တော့်သားအကြောင်းတွေးမိလို့ ကောင်းကောင်းလုပ်နိုင်ခဲ့တာ"

ကျွင်းသခင်လေးကမူ ဆယ်ဟွန်းအာချောင်နေသမျှ ဆေးပစ္စည်းတွေသိမ်းရင်းမှ ပြုံး၍သာနားထောင်သည်။ အရာရာနူးညံ့လွန်းသည့်ကောင်လေးက ကောမဟုတ်လျင်တောင် သဘောကျဖို့ရာဖြစ်နိုင်နေလေပြီ။ အဘယ်ကြောင့်ရယ်မသိ ဆယ်ဟွန်းတစ်ယောက် မျက်နှာထားတည်တည်ကြီးနှင့် အကိုတော်အား မြင်ယောင်လာမိကာ ထိုကောင်လေးနှင့်ဆို လိုက်မည်ဟုပဲ တွေးနေမိလေ၏။

~ Perfection of Villianess ~Where stories live. Discover now