အပိုင်း-၁၁

5.5K 771 24
                                    

ရင်ခုန်သံစည်းတစ်ချက်~

"ဆက်သွားရအောင် !အားချင့် မင်းအထုတ်တွေပစ်ချထားခဲ့တာ အကုန်ပြန်ယူ ပျက်စီးကုန်တော့မှာပဲ"

"ဟုတ်~ "

ကြောက်စိတ်မပြယ်သေးရှာသည့် အားချင့်သည် ပုရစ်ကောင်လေးကဲ့သို့ တိုးသဲ့သံအသံပြု၍ တုန်ယင်ယင်ခြေထောက်တို့နှင့် ဆတ်တောက်တောက် လျှောက်လာကာ ပြန့်ကျဲလျက်ရှိသည့် အထုတ်တို့အား ပြန်လည်ကောက်ယူနေရသည်။ 
အရှက်မရှိသည့်ကျားသည်ကား သခင့်အနားကမခွာ ခြေသလုံးကိုပဲဖက်ထားချင်ဟန်နှင့် သခင့်ခြေထောက်အနားပဲ ကပ်နေသည်မို့ ကြောက်သော်လည်း မျက်စောင်းတစ်ချက် ပစ်ထိုးမိလိုက်သေးသည်။ သခင်သည်လည်း ဤချစ်စရာတပည့်လေးအား နည်းနည်းလေးပင်စောင်းငဲ့မကြည့်
စတုတ္ထမင်းသားနှင့်သာ အကြည့်ချင်းဖလှယ် ချစ်ကမ္ဘာတည်နေကြသည်မို့ အားချင့်နှလုံးသား၌ မိုးဖြိုင်ဖြိုင်ရွာနေပြီဖြစ်၏။

"မိုးချုပ်နေပြီ! ဘယ်နားမှာ နားရင်ကောင်းမလဲ? ရာသီဥတုကအေးလာပြီ။ "

"သခင် ~~~ ကျွန်တော်နေတဲ့ဂူထဲနေမလား?? ဒီလို အေးတဲ့ရာသီဥတုမှာ သခင့်ကို ကျွန်တော် နွေးအောင်လုပ်ပေးနိုင်ပါတယ်။"

ဟောင်ဖွာဖွာကျား၏စကားအဆုံး ရရှိလိုက်သည်က ခွန်အားကြီးမားသူ ခန့်ညားညားအမျိုးသား၏ သတိပေးအကြည့်တချက်… ။ မီးလောင်မြိုက်မတတ် ကြည့်ခံရသည့်နောက် ရှောင်ဟူ၏ပါးစပ်လေးက အတိပိတ်ကျသွားပြီး မည်သည့်စကားသံမှ ထပ်မထွက်ပေါ်လာတော့။

ထိုအမျိုးသားကကြောက်ဖို့ကောင်းမှန်း ရှောင်ဟူသိရသည့်အခါ နတ်တမျှချောမောသည့်သခင့်အနား ခိုနားခွင့်လေးကိုတောင် ရှောင်ဟူအလွန်အမင်း မမျှော်လင့်ရဲတော့။ ထိုအမျိုးသားက ရှောင်ဟူ့ထံ သတိပေးချက်အနေနှင့် အကြည့်တစ်ချက်ပို့ပြီးသည့်အခါ  သခင့်ထံတို့ ဦးတည်သည်က ချစ်ခြင်းတရားတို့နူးညံ့ပျော်ဝင်နေဟန် နွေးထွေးလွန်းလှသည့် အကြည့်များ…။
ရှောင်ဟူ မကျေနပ်စွာ စိတ်ထဲမှကျိန်ဆဲမိသော်လည်း အဖြူရောင်နဂါးထံမှ အနှိပ်စက်ခံရမည်စိုး၍ အပြင်၌မည်သည်မှ ထုတ်မပြောရဲ။
အဖြူရောင်နတ်ငယ်တစ်ပါးအလား လှပဖြူစင်သည့်အမျိုးသားငယ်ကမူ ထိုအချင်းအရာတို့အား ဘာမျှမသိလိုက် သားငယ်နှင့်စကားပြောရင်း အလုပ်ရှုပ်နေဆဲပါပေ။

~ Perfection of Villianess ~Where stories live. Discover now