အပိုင်း-၉

5.5K 738 60
                                    

အနက်ရောင်(သို့)မဟူရာသစ်တောသို့အဝင်~~

"ထျန်းရှန်~ မင်းလာပြီလား?"

"ငါ မင်းအတွက် ဒီစာအုပ်တွေယူလာပေးတယ်။ "

"ကျေးဇူးပဲ။ "

"ဒါနဲ့ ဒါတွေကို မင်းဘာအတွက်နဲ့ လိုအပ်တာလဲ?"

ညိုညစ်ရောင်စာအုပ်ရင့်ရင့်များအား ထိတွေ့ရင်းနှင့် မဲ့ပြုံးဆင်သည့် ဒုတိယမင်းသားသည် ခန့်ညားချောမော၍နေဆဲ... ။
အနီရောင်ကိုသာ ဆင်မြန်းတတ်သည့် ထျန်းရှန်ကမူ သူငယ်ချင်း၏ရုတ်တရက်ဆန်စွာ စာရင်းထူးဆန်းဆန်းတို့အား တောင်းဆိုခံလိုက်ရ၍ ယခုထိ ပဟေဠိညှိမရသည်ကြောင့် ချန်းလျဲ့ကိုသာ အကဲခတ်ကြည့်ရှုနေမိ၏။

"ငါ ဒါတွေကို အပျော်ကြည့်မယ်ဆို မင်းယုံမှာမို့လား? ငါသိချင်တာက ဖာ့ဟိုင်မှာ ဘယ်လိုအင်အားကြီးမျိုးနွယ်တွေက ငါတို့တော်ဝင်မျိုးနွယ်တွေကို ဒုက္ခပေးနိုင်မလဲ သိချင်မိလို့......"

"မင်း အဲ့ဒါတွေသိပြီးဘာလုပ်မှာလဲ? သူတို့ကို ရှင်းပစ်ပြီး မင်းကိုယ်ကျိုးအတွက် နန်းလုမှာလား? ဒါမှမဟုတ် ဘုရင်မင်းမြတ်ကို ဖြုတ်ချမှာလား?? ဘာအကြံစည်တွေလဲ အားလျဲ့!"

"မင်းနဲ့ငါက ငယ်ငယ်လေးတည်းက ပေါင်းသင်းလာတာပါ။ မင်းငါ့မှာဘာစိတ်ရှိသလဲ သိနေပြီးသားပဲကို။ "

ရယ်မော၍ဆိုသည့်စကားပေသိ ထျန်းရှန်၏မျက်ခုံးစဉ်သည် ကြုံ့စုသွားရ၍အလိုမကျဟန်နှင့်......။ အင်အားကြီးမျိုးနွယ်စုဝင်စာရင်း၌ "ယီရှန်း ဝူမျိုးနွယ်"ဟူသည်ကိုပါ တွေ့လိုက်ရသည့်နောက် ထျန်းရှန်၏စိတ်အစုံက အဘယ်ကြောင့်ရယ်မသိ မသက်မသာဖြစ်လာရသည်တည့်။
ချန်းလျဲ့သည်ကား ထိုစာရင်းတို့အား ရှုရင်းတစ်စုံတစ်ခုအား ကြံစည်နေဟန်နှင့် မျက်ဝန်းအရောင်တို့က ဝင်းလက်လက်......။ နှစ်ယောက်သား အတွေးအမြင်ကိုယ်စီနှင့် ငြိမ်သက်နေသည့်နောက် တံခါးခေါက်သံသဲ့သဲ့ကြောင့် အတွေးတိမ်မြုပ်နေရာမှ လှုပ်ရှားသက်ဝင်သွားရပေ၏။

"ဝမ်ရယ် အားစီပါ။ "

"ဝင်ခဲ့။ "

ချန်းလျဲ့၏ မတုန်မလှုပ်လေသံအဆုံး စက္ကူရွက်တံခါးတို့ပွင့်ဟသွား၍ ကောင်ငယ်လေးတစ်ယောက်က ခပ်သုတ်သုတ်ဝင်ရောက်လာသည်။ လက်ထဲ၌လည်း ကြွေပန်းကန်လုံးငယ်တစ်ခွက်နှင့်......။
တုန်ယင်ယင်ရွံတွန့်တွန့် အမူအရာနှင့်ဝင်လာပြီးနောက် ချန်းလျဲ့၊ ထျန်းရှန်နှစ်ဦးအား ဂါရဝပြုလာ၏။

~ Perfection of Villianess ~Where stories live. Discover now