အပိုင်း-၁၃

5.1K 784 61
                                    

"တောပုန်းဓါးပြများနှင့် အလှပဂေး"



အတွေးတောင်စဉ်ရေမရတွေးခေါ်ပြီးမှ
တစ်ညလုံး အန်းလျန်လေးအား ထွေးပိုက်ရင်း ငုတ်တုတ်အိပ်ပျော်နေခဲ့ရာမှ
မနက်ဝေလီဝေလင်း၌ မနိုးစဖူးနိုးလာကာ နောက်ကျိနေသောစိတ်နှင့်အာရုံကို စူးစိုက်မိသည့်အခါ မျက်လုံးမပွင့်တပွင့်အနေအထားမှ မြင်ရသော လူရိပ်ဝေဝေဝါးဝါး…။
အိပ်မက်လေလား၊ လက်တွေ့လေလား ဝေခွဲမရသည့်ခဏ၌ ထိုလူရိပ်ကနီးလာကာ  ဆယ်ဟွန်း၏နဖူးပြင်က နွေးထွေးသွားရသည်။ အသံသဲ့သဲ့နှင့်စကားတစ်ခွန်း~  နူးညံ့ညံ့နွေးထွေးမှုတို့ကြောင့် မျက်မှောင်တို့ကြုံ့သွားရစဉ် ရင်းနှီးသည့်သင်းရနံ့ဖျော့ဖျော့က ခြေသံတစ်စုံနှင့်အတူ ဝေးသွားကာ  မျက်လုံးအပြည့်အဝဖွင့်မိချိန်၌မူ ဆယ်ဟွန်းရှေ့၌ မည်သူမှမရှိတော့ပါချေ။

"ဘာလဲ? ငါအမြင်မှားတာများလား?"

တစ်ကိုယ်တည်းရေရွတ်ရင်း အိပ်မောကျဆဲ အန်းလျန်ကိုလက်တစ်ဖက်မှပွေ့လျက်
လက်တစ်ဖက်ကိုအညောင်းဆန့်မိသည့်နောက် မျက်စိရှေ့ပြိုကျလာသည့် အနက်ရောင်ဝတ်ရုံတစ်ထည်…။ ငွေချည်ဖောက်သည့်
မဟူရာသွေးဝတ်ရုံအား မြင်လိုက်ရရုံနှင့် မည်သူ့အပိုင်မှန်း အတပ်သိလိုက်ချိန်၌မူ ထိုပိုင်ရှင်က ဆယ်ဟွန်းတို့အနား၌ ရှိမနေတော့ပါချေ။
ဘေးဘီဝဲယာကြည့်မိသည့်အခါ ကျောက်တုံးကိုမှီလျက်နှင့် အားချင့်က သွားရည်များကျသည်ထိပင် အိပ်မောကျနေပြီး အူကြောင်ကျားရှောင်ဟူသည်ပင် မျက်လုံးမပွင့်ငိုက်နေလေ၏။

ထိုချန်းဟန့်ကျင်းသာ မြင်ကွင်းထဲမှ ပျောက်ဆုံးနေသည်ကြောင့် ဆယ်ဟွန်း မျက်စိဝေ့ဝဲလိုက်ရှာမိသော်လည်း မတွေ့……။ အစက လိုက်မလာစေချင်သော်လည်း ဤသို့အကြောင်းမကြား ပျောက်ကွယ်သွားသည့်အခါတွင်တော့ ဆယ်ဟွန်းစိတ်ထဲ စနိုးစနောင့်ဖြစ်သွားရ၏။

"သူက ငါတို့နဲ့ မလိုက်တော့တာလား? ဒါဆို ငါ့ကိုလိုက်ပို့ပေးမယ်ဆိုတာကရော လူလိမ်ကြီး!! "

ဆယ်ဟွန်းပွစိစိရေရွတ်ရင်း လက်ကောက်ဝတ်နေရာကို နာရီရှိသည်အမှတ်နှင့်ကြည့်ပြီးမှ ကိုယ့်နဖူးကိုယ်ရိုက်မိရပြန်၏။ ဤခေတ်အခါမျိုးက ကြက်တွန်သံကိုမှ မှန်းရသည့်အခါမျိုး……
သို့သော် ဤခေတ်က ကြက်ကိုပင် အားမကိုးတော့သည့်အခါ ဆယ်ဟွန်းဤနေရာ၏ နာရီကြည့်နည်းကိုပင် မသိပြီမို့ အားချင့်ဖင်ကို လှမ်းကန်နှိုးလိုက်၏။

~ Perfection of Villianess ~Where stories live. Discover now