အပိုင်း-၂၇

8.8K 778 240
                                    


နှလုံးသားမှလာသော နွေးထွေးမှု

လင့်လုံ  ကျွင်းဂိုဏ်း ချန်းလင်းအဆောင်~




ကျွင်းယီသည် ပြုနေကျအတိုင်း သူ၏နတ်ဆေးပညာအဖို့ တစ်နေ့တာလေ့လာဖတ်ရှုခြင်း ပြီးဆုံးသွားသည့်နောက်
ဆေးပင်များစိုက်ပျိုးထားရာ သူ၏ဥယျာဉ်သို့ထွက်ခွာလာခဲ့လိုက်သည်။ အရွယ်ရောက်ဆေးပင်များမှအစ
ဆေးပင်ပေါက်စလေးများအား ကလေးလိုယုယနေတတ်သည့် သူဖြစ်သည့်အလျောက် နှင်းပုလဲဆေးပင်လွှလွှလေးများအား ရေလောင်းပြုစုနေသည့်အခိုက်တစ်စုံတစ်ယောက်၏ခြေသံကြောင့် ရေမှုတ်တံကိုင်ရင်းမှ ရပ်တန့်မိလိုက်သည်။ ထိုခြေသံကြားရာသို့ စူးစမ်းသည့်နောက် မစိမ်းသက်သည့်လူတစ်ဦး၏ပုံရိပ်က ဆေးဥယျာဉ်အပေါက်ဝ၌ နေရာယူပါ၏။

"ဂိုဏ်းချုပ်ဝူ~  ကဘယ်လိုလုပ်ပြီး…… "

ကျွင်းယီ အံ့အားသင့်စွာ ပါးစပ်အဟောင်းသားဖြင့် ငေးနေမိ၏။ သူ၏ကြယ်စင်ကဲ့သို့ တောက်ပသည့် ခရမ်းနုမျက်ဝန်းများကလည်း ပြူးကျယ်လျက်…။ ယီရှန်းဝူဂိုဏ်းကမှ ဂိုဏ်းချုပ်က ဤသို့လာလျင့် ကျွင်းဂိုဏ်း၏အကာအကွယ်တံတိုင်းတို့အား ဖြတ်ကျော်ပြီးမှလာရပေမည်။ ဤသည်က အရေးကိစ္စမဟုတ်သေး။ ဝူရိဖန်းကဲ့သို့ အင်အားကြီးမားသူက ဤမျှလောက်ကို မှုအံ့မထင်……။ သို့နှင့် သူဤကို ဘာလာလုပ်ပါသနည်း ။ ထိုအေးစက်စက်အမျိုးသားကို ကြည့်လျက် ကျွင်းယီခေါင်းခြောက်လာရ၏။

"သခင်လေးကျွင်းကို အကူအညီတောင်းစရာ ရှိလို့ပါ။"

"အာ~   ဂိုဏ်းချုပ်ဝူကို ကြည့်ရတာ လောစရာအရေး ရှိနေတဲ့ပုံပဲ။ ကျွန်တော်ကူညီနိုင်တာရှိရင် ကူညီပါ့မယ်။ အရင်ဆုံး ဒီဘက်ကို လိုက်လာခဲ့ပါ။ "

"……??…"

"ဒီနားမှာဆက်နေရင် အန္တရာယ်များလို့ပါ ဂိုဏ်းချုပ်ဝူကို ကျွင်းက ဘယ်သူပဲတွေ့တွေ့ တမျိုးထင်မှာစိုးရတယ်။ ဂိုဏ်းချုပ်ဝူ ဒီဘက်ကိုကြွပါ။ "

ကျွင်းယီ၏ ဖျောင်းဖျမှုကြောင့် ထိုအေးစက်စက်အမျိုးသားက တုံ့ဆိုင်းနေရာမှ ဆေးဥယျာဉ်ရှိရာသို့ လျှောက်လှမ်းလာ၏။ ဤဥယျာဉ်က ကျွင်းယီသာလျင် အမြဲတစေ စောင့်ရှောက်ထိန်းသိမ်းရသည်မို့ ပြဿနာတစ်စုံတစ်ရာမရှိ လူမမြင်စေရန် စည်းကိုပြန်ချပြီးသည့်နောကှ်ုဥယျာဉ်အလယ်ဗဟိုမှ လျန်ဟွားကန်ရှိရာသို့ ခေါ်ဆောင်သွားလိုက်သည်။ ထို့နောက် ကန်နံဘေးမှကျောက်ဆစ်ထိုင်ခုံများထက်၌ ထိုအမျိုးသားအား နေရာပေးပြီးလျင် လက်အစုံက ရေနွေးကြမ်းခရား ခွက်အစုံအလင်အား ဖြစ်ပေါ်စေလိုက်၏။ ထို့နောက် သူ၏အမြဲတစေပျူငှာနေဆဲ အပြုံးတစ်ပွင့်ဖြင့် စကားစလိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Jun 13, 2019 ⏰

Add this story to your Library to get notified about new parts!

~ Perfection of Villianess ~Where stories live. Discover now