အပိုင်း-၇

5.9K 810 37
                                    


အိမ်ကြီးသခင်နှင့်ရန်ပွဲ

"ဖေဖေ သားပျင်းတယ်။ "

"စာလုပ်လို့ပြီးသွားပြီလား??"

"ဟုတ်~ "

"ဒါဆို ဘာလုပ်ချင်လဲ??  ဖေဖေနဲ့ကစားကြမလား??"

"အင်း!!"

ပျင်းရိပျင်းတွဲမုန့်လုံးလေးက အားတက်သရော ခေါင်းငြိမ့်လာသည့်အခါ ဆယ်ဟွန်းဖတ်လက်စဖြစ်သည့် ဤကမ္ဘ္တ္ဘာ၏သမိုင်းကြောင်းစာအုပ်အား ပိတ်ပစ်ကာ မုန့်လုံးလေးအား ဆွဲ၍ ခန်းဆောင်အပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။  ဤရှေးဟောင်းနေရာဒေသ၌ ဂိမ်းကစားခြင်းဟူသည်က အသုံးမဝင်သည်ကြောင့်  ဆယ်ဟွန်း ကစားနည်းပေါင်းစုံအား ပညာရှိဟန်ပန်နှင့် ဖြစ်ညစ်စဉ်းစားနေလိုက်၏။  ဤနေရာနှင့်သင့်တော်သကဲ့သို့ ဆယ်ဟွန်းပါ ကျွမ်းကျင်သည့်ကစားနည်းအား တွေးမိသည့်အခါ  မျက်နှာဝင်းခနဲလက်သွားရ၍ လျော့ရဲရဲဆံပင်ရှည်တို့အား ပိုးစရှည်ဖြင့် ခပ်မြင့်မြင့်ထုံးနှောင်လိုက်ကာ လမ်းအနှံ့ရှိ ကျောက်စရစ်ခဲလေးများအား တက်ကြွစွာ လိုက်ကောက်နေလိုက်သည်။ အားချင့်နှင့် မုန့်လုံးလေးသည်ကား ကျောက်စရစ်ခဲကောက်နေသည့် ဆယ်ဟွန်းအား နားမလည်စွာ ကြည့်ရှုနေကြလေ၏။

"မုန့်လုံးလေး ဒီကိုလာ!"

"ဖေဖေ အဲ့ဒါဘာလုပ်မလို့လဲ?"

"ဇယ်ခုပ်တမ်းကစားမယ်။ "

"ဇယ်ခုပ်တမ်း??"

"ဒီမှာကြည့် ဖေဖေ့လက်ထဲမှာ ကျောက်စရစ်ခဲဆယ်လုံးရှိတယ်။ အဲ့ဒီဆယ်လုံးကို မြေပြင်ပေါ်မှ ချလိုက်မယ်။ ပြီးရင် တစ် နှစ် သုံး လေး…… အဲ့ဒီလိုအမြန်ကောက်ရမယ်။ သားဆော့ချင်လား?"

ကျောက်စရစ်ခဲလေးများအား တစ်လုံးချင်းစီ မိုးပေါ်မြှောက်ကာ ခပ်မြန်မြန်ဖမ်းရသည်အား ဆယ်ဟွန်းသရုပ်ပြနေသည့်အခါ အန်းလျန်လေးသာမက အားချင့်ကပါ အနားနားသို့ စိတ်ဝင်တစားတိုးကြည့်သည်။ ထိုကလေးနှစ်ယောက်၏ပုံစံက ကစားခြင်းဟူသည်လည်း နားလည်ခဲ့ပုံမရ……။ ကလေးဘာသာဘာဝ ကစားရသည်အား နားလည်ခြင်းမရှိသော ထိုကလေးနှစ်ယောက်အား သင်ပေးရင်း ဆယ်ဟွန်းပါ သူတို့နှင့်အတူတကွ ကစားခြင်းအမှုအား ပြုနေခဲ့မိပါ၏။

~ Perfection of Villianess ~Where stories live. Discover now