အပိုင်း-၂၀

5.5K 878 120
                                    


"ကျုံးရိနျဉ်က ဘာဖြစ်တာလား??"

"ကျန်းခန့်သာလို့ မာပါစ အရှင့်သားတို့~ "

ဆယ်ဟွန်း တမင်ဖန်တီးယူထားသည့်
သကာလူးသည့်အပြုံးတုတုကို ချန်းလျဲ့ကမနှစ်သက်ဟန် မျက်နှာလွှဲသည်။ ချန်းဟန့်ကျင်းသည်ကား မြင်းပေါ်မှအပြေးအလွှားဆင်းရင်း အနားတိုးလာသည်က ဆယ်ဟွန်းကိုပင် ခုန်အုပ်မိတော့မတတ်…။
သူနှင့်အသားချင်းမထိအောင် ဆယ်ဟွန်းမနည်းရှောင်ရှားလိုက်ရကာ အနောက်သို့အနည်းငယ်ဆုတ်ရင်း အပြိုပြိုအလဲလဲ အိနြေ္ဒကိုဆယ်လိုက်ရ၏။

"ရှီလေး~ "

"…"

ငမိုက်သားကတော့ ဗုံးကို စနက်တံဖြုတ်နေပြန်ပါပြီ။

ချန်းဟန့်ကျင်းမှာ သူရောက်နေသည်က သူ၏ချစ်လှစွာသော အကိုတော်ရှေ့မှောက်၌ဆိုသည်အား မေ့လျော့နေဟန်ရှိ၏။ ဆယ်ဟွန်း၏ လုပ်ချောင်းတို့အား ဂရုမထား လက်ကိုဖမ်းဆွဲဟန်ပြုလာသည့်အခါ အနောက်သို့ဆုတ်၍ ရှောင်တိမ်းလိုက်ရ၏။ မြင်းဖြူပေါ်မှ ဒုတိယမင်းသားသည်ကား ညီငယ်အား ကြည့်၍ မျက်မှောင်ကြုံ့နေသည်က  မုန်တိုင်းဆင်သည့်နှယ်…။ ဆယ်ဟွန်းခမျာ ရုတ်တရက် ဆူနာမီမွှေတော့မည့်သကဲ့သို့ ခံစားလိုက်ရကာ ချွေးပြန်လာလေ၏။

"မင်းအခုထိ မပြန်ရသေးတဲ့ပုံပဲ "

"အာ~ ပြန်တော့မှာပါ အခုပြန်တော့မလို့ပါပဲ။ ခရီးလမ်းကြုံနှုတ်ဆက်တာပါ။ ဝမ်ရယ်နဲ့က မကြာခင်သူစိမ်းတွေ ဖြစ်ကြတော့မှာမဟုတ်လား??"

"ခုကတည်းက ဖြစ်ပြီလို့ သတ်မှတ်လိုက်လို့ရတယ်။ "

မျက်နှာထားရှုတည်တည်နှင့် ဆိုလာသည့်ချန်းလျဲ့ကြောင့် ဝူရိဖန်း၏အေးခဲခြင်းက နှစ်ဆတိုးလာသည့်အခါ  အန္တရာယ်အငွေ့အသက်ကို ခံစားမိပြန်၍ ဆယ်ဟွန်း ဟန်လုပ်ရယ်မောလိုက်မိသည်။ ချန်းလျဲ့နှင့်ချန်းဟန့်ကျင်းသည်ကား ရုတ်တရက်ထရယ်သည့် ဆယ်ဟွန်းကို နားမလည်ဟန်နှင့်…။ ဆယ်ဟွန်းသည်ကား တရုတ်ရိုးရာကားထဲမှ ကညာပျိုတို့ကဲ့သို့ အင်္ကျိစလေးအသာကွယ်ရယ်ရင်း လူအများအမြင်ကပ်ဖွယ်ဟန်ပန်မျိုး ပြုနေလေ၏။ ထိုသို့ပြုသော်ငြား ဝူဂိုဏ်းမှတပည့်များသည်ကား ဟန်မူပိုသည့် အလှလေးအပေါ်စိတ်ပျက်သွားခြင်း အလျင်းမရှိပါချေ။

~ Perfection of Villianess ~Where stories live. Discover now