အပိုင်း-၎

5.8K 757 53
                                    

ချန်းဟန့်ကျင်းက ဘယ်လိုလူစားလဲ??

"ဟေ့ ခုချက်ချင်းဒီကထွက်သွားနော်။ မဟုတ်ရင် ခင်ဗျားကို……"

"ပြောစမ်းပါဦး ကိုယ့်ကိုဘာလုပ်မှာလဲ?"

လက်နှစ်ဖက်ကိုဟန်ပါပါပိုက်လျက် စနောက်ပုံအသွင် အပြုံးစစကိုချိတ်ဆွဲထားသည့် ထိုသူကြောင့် ဆယ်ဟွန်းဒေါသတွေက မီးစာဆီထည့်သည့်အလား……။ မူလအစက 119ခေါ်မည်ဟုပြောမိတော့မည်ကို အရှိန်မနည်းသတ်လိုက်ရ၍  နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိသည့် အန်းလျန်လေးရှေ့၌ ကူကယ်ရာမဲ့စွာ ပိတ်ရပ်နေမိ၏။
ချန်းဟန့်ကျင်း၏ သဏ္ဍာန်က အရပ်ရှည်လျား၍ ကြွက်သားအထစ်တို့နည်းသော်လည်း သန်မာသည့်ပုံပင်ဖြစ်သောကြောင့် လူဖလံတစ်ဦးအပြင် ကော(ge)တစ်ယောက်ဖြစ်နေရသည့် ဆယ်ဟွန်းက ယှဉ်နိုင်စွမ်းမရှိ။ ထိုသူက ဘာလုပ်ချင်နေသနည်းဟု စဉ်းစားမရသည့်အခါ ဆယ်ဟွန်းပို၍ ခေါင်းနပမ်းကြီးလာရ၏။

"ခင်ဗျား ကျွန်တော့်ကိုတော့ မသတ်လောက်ဘူးမို့လား??"

"သတ်မယ်? အဟက်! မင်းက ဘာလို့အဲ့လိုထင်ရတာလဲ?"

"ကျွန်တော်က အရေးမပေးခံရတဲ့ ကြင်ယာတော်လေးပါဗျာ ခင်ဗျားသတ်သွားလည်း ဒုတိယမင်းသားက ခင်ဗျားကိုအပြစ်ပေးမှာမဟုတ်ဘူး။  ပြီးတော့ ခင်ဗျားဒီကိုလာရတဲ့ အကြောင်းအရင်းကိုလည်း ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်က အားနည်းတဲ့သူမို့ အသတ်မခံရဖို့ တောင်းပန်ရုံအပြင်မတတ်နိုင်ဘူး။"

ဆယ်ဟွန်းစကား အဆုံးမသတ်ခင်လေး၌ပင်  ထရယ်သည့် ချန်းဟန့်ကျင်းကြောင့် ဆယ်ဟွန်းလုပ်လက်စ အသနားခံမှုလေးပင် အဘယ်သို့ မြန်းသွားလေသနည်းမသိ။
ချန်းဟန့်ကျင်း ခပ်လွင်လွင်ရယ်လိုက်လေသည့်အသံသည်  သြရှနက်ရှိုင်းစွာ ဆွဲဆောင်မှုရှိသည်ကိုတော့ နှင်းဆီခိုင်ဖြစ်ဖူးသည့်
ဆယ်ဟွန်းပင်
အသိအမှတ်ပြုမိရသည်။  ထို့အတူ သူ၏ရုပ်ရည်သွင်ပြင်က
နှင်းလိုဖြူလွှ၍
နေခြည်လိုနွေးသည့်ဟန်နှင့်……။ လူတစ်ဦးအား နစ်ဝင်စေနိုင်သည့် ဖီးနစ်သဏ္ဍာန်မျက်ဝန်းစူးရှရှ၊ မထီထင်ဟန်အပြုံးယဲ့ယဲ့အား ချိတ်ဆွဲသည့် နှုတ်ခမ်းပါးလျပ်လျပ်တို့က ဣတ္ထိယတို့ကြွေစေလောက်ပါသည်။
ဆယ်ဟွန်း ထိုသူအား သူ၏အရင်ဘဝမှ ရုပ်ရည်သွင်ပြင်နှင့် နှိုင်းယှဉ်၍ အမှတ်ပေးလိုက်သည်။
၉၉.၉၉မှတ်ဟူ၍……။

~ Perfection of Villianess ~Where stories live. Discover now