အပိုင်း-၁၅

5K 781 80
                                    


"နီးစပ်ခြင်းနှင့် ဝေးကွာမှု "





'094!'

'ရှိ'

'ကျုံးရိနျဉ်ဘယ်ရောက်သွားပြီလဲ ရှာစမ်း ငါသူ့နောက်လိုက်ရမယ်။ '

'?? '

'မြန်မြန်လုပ်! မမှီတော့ရင် ဘယ်လိုလုပ်မလဲ? '

ဆယ်ဟွန်း 094ကိုချက်ချင်းအလျင် ရှာခိုင်းနေသည်က ကျုံးရိနျဉ်၏တည်နေရာ……။
ဆယ်ဟွန်းသဘောပေါက်သွားသည်က
ဆယ်ဟွန်း ရုတ်ချည်း ကျုံးရိနျဉ်နှင့်ထိမိသွားစဉ်က တုံးခနဲလဲမသေသွား၍  အဆိပ်မသင့်စေရန် မျှော်လင့်ချက်အနည်းငယ်ရှိသည်။
ထို့အပြင် ကျုံးရိနျဉ်က သုံးရက်သော်တာအဆိပ်ကို ခံစားနေရသူမို့ သူ့ကိုသာ အဆိပ်ဖြေနည်းရှာပေးမည်ဆိုလျင် ဆယ်ဟွန်းကို လက်ခံလာလိမ့်မည်။

အကောင်းဆုံး
အဆိပ်ဖြေနည်းအား သိထားနှင့်ပြီဖြစ်သော်လည်း ထိုနည်းက ဆယ်ဟွန်း၏ သိက္ခ္ဘာအဖြူထည်လေးအား  စွန်းထင်စေမည့်နည်းမို့ စကားချုံ့ဆိုရလျင် စော်ကားခံရသလိုခံစားရသည်မို့  လုပ်၍မဖြစ်…။ အခြားနည်းကို ဆယ်ဟွန်းမရရအောင် စဉ်းစားရမည်။ ယခုလောလောဆယ်၌မူ ကျုံးရိနျဉ်ကို ရအောင်လိုက်ရှာရန် လိုအပ်ပါ၏။

'အခု မဟူရာတောရဲ့ တောင်ဘက်မှာ… '

'တောင်ဘက်?? ငါတို့နဲ့နီးသားပဲ သွားစို့!'

'တောင်နဲ့မြောက်က နီးတာလား သခင်~ '

'တော်၊တန်၊တိတ် သူက ငါသခင်လေးရဲ့ စစ်သူကြီးဖြစ်လာမယ့်သူ သူ့နောက်ကို ကျိန်းသေလိုက်မှဖြစ်မယ်။ '

'အခု သူနဲ့ရင်ဆိုင်နေရတာ သွေးမိစ္ဆာကောင်တွေနော် '

ထိုစကားကြားသည့်အခါ အားချင့်နှင့်အန်းလျန်ကိုဆွဲကာ အလျင်စလို ထွက်ခွာမည်ပြုနေသည့် ဆယ်ဟွန်းရပ်တန့်သွားရသည်။ 094 စိတ်လေးသက်သာသွားရမည်မှ မရှိသေး ကောက်ကျစ်သည့်အပြုံးလေးပြုံး၍ ဆိုလာသည့် သခင့်စကားကြောင့် 094၏ မရှိသည့်ဝိညာဉ်ပင် ကမ္ဘာတစ်ပတ်ပတ်သွားရလေ၏။

'အဲ့ဒါ အခွင့်ကောင်းပဲ။ သူက ငါ့ကိုကယ်တယ်။ ငါကသူ့ကိုပြန်ကယ်လိုက်ရင် သူ့စိတ်ထဲမှာ ငါ့ကိုတော့ ကျေးဇူးရှင်ဆိုတဲ့စိတ်လေးတော့ ရှိမှာပေါ့။ သွားမယ် '

~ Perfection of Villianess ~Where stories live. Discover now