၁။ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား

1.2K 26 0
                                    

ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား
မိုးမိုး (အင်းလျား)

" ခရေပွင့်လေးတပွင့် မြေပေါ်သို့ ဖြုတ်ခနဲ ကြွေကျလာသည် "

ဆုံရှုံးသွားသည့်အတွက်ပင် သူသည် စုအတွက် တန်ဖိုးပိုမိုမြင့်မားနေတော့သည်။ သူဟာ စုအပေါ် ကလေးတစ်ယောက်လို အလိုလိုက်ပြီး ကြင်ကြင်နာနာ ယုယုယယ ထွေးထိုက်မယ့်သူတစ်ယောက်ပဲဟု စုယုံကြည်သည်။ သူလက်ထပ်သွားခြင်းသည် စုအတွက် မယုံကြည်နိုင်သော ပုံပြင်တပုဒ်လို ဖြစ်နေသည်။ သူသည် မလွှဲသာ မရှောင်သာသော အကြောင်းများကြောင့် တခြားမိန်းကလေးတစ်ယောက်ကို လက်ထပ်လိုက်ရခြင်းသာဖြစ်ကြောင်း သူက ဖြေရှင်းလာလိမ့်မည်ဟု မျှော်လင့်သည်။ သူ့အပေါ် ချစ်မိခြင်းနှင့် ယုံကြည်ခြင်းသည် စုအပေါ် နှိပ်စက်လျက် ရှိသည်။

စုယုံကြည်ခဲ့သလိုပင် သူက စုကို ညီမလေးတစ်ယောက်လို အမြဲချစ်နေခဲ့ပါတယ်တဲ့။ စုဘဝဟာ သူနဲ့ မထိုက်တန်လို့ စုကို ချစ်လျက်နဲ့ မနှစ်ရက်ဘူးတဲ့။

(me : ရူးလိုက်ပါပေ့ ညီမငယ်ရယ် 😢 )

သူနှင့် စုဘဝသည် တစ်ယောက်တစ်နေရာ နေရလျှင် လွမ်းစိတ်ဖြင့်ချစ်ရသည်။
အတူနေရလျှင် မကျေနပ်စိတ်ဖြင့် မုန်းရသော ဘဝဖြစ်သည်။

(အဲ့ဒီတော့ ဝေးနေကြတာပဲ ကောင်းပါတယ်ကွယ် ☺)

⭐⭐⭐⭐⭐
ဇာတ်လမ်းက စိတ်ကူးယဉ်တတ်တဲ့ သနားတတ်တဲ့ အချစ်ကို ကိုးကွယ်လွန်းတဲ့ စု ဆိုတဲ့ကောင်မလေး အကြောင်း ။
ဖတ်ရင်းနဲ့ စုအပေါ် သနားလည်းသနား မချိတင်ကဲလည်း ဖြစ်ခဲ့ရတယ်။ ကို့ကိုယ်ကိုလည်း ငါရူးခဲ့ပါလား ဆိုပီး စဉ်းစားမိတယ်။ စုကို သနားလွန်းလို့
ငိုချင်မိတာလည်းအခါခါနဲ့ နောက်ဆုံးပိုင်းမှ မျက်ရည်တွေ သွန်ချခဲ့ရတယ်။

ကိုယ်ကအချစ်အတွက် ခံစားနေရတဲ့အချိန်မှာ ဖတ်မိတော့ အများကြီး စိတ်သက်သာရာ ရလာခဲ့တယ်။ အားအင်တွေ ရလာခဲ့တယ်။

Date - 2018 Dec 24

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များWhere stories live. Discover now