၂၂။ သူ မင်းကို ဘယ်တော့မှ

403 10 0
                                    

သူ မင်းကို ဘယ်တော့မှ
ဂျူး

မင်း သူ့ကို ရှာရင်
မင်း သူ့ကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး
ဒါပေမယ့်
မင်း သူ့ကို မရှာရင်လည်း
သူ မင်းကို ဘယ်တော့မှ မြင်အောင်ပြမှာမဟုတ်ဘူး

( ဆူဖီ )

ကိုကြီး တရားခွင်မှာ ကျွန်တော့နာမည်မထွက်ဆိုခဲ့တာ တလုံးမှ မဖော်ပြခဲ့တာ ကျွန်တော့ကို ငဲ့ညှာလို့လို့ မမမြတ်ထင်နေသလား။ ကျွန်တော် ကိုကြီးကို သိပါတယ်။ ကျွန်တော့ကို ငဲ့တာမဟုတ်ဘူး။ သူ့ကိုယ်သူ ငဲ့တာပါ။ သူ့နာမည်နဲ့ ကျွန်တော့နာမည်နဲ့ တွဲပီး တွဲမှတ်ထားကြမှာကို မခံနိုင်လို့ မဟုတ်ဘဲနဲ့ အထင်လွဲမခံနိုင်လို့ ကျွန်တော့နာမည်ကို မပြောတာပါ။ သူ့အတွက် ထောင်ခြောက်လဆိုတာ မိန်းကလေးတယောက်နဲ့ နာမည်ပျက်ရတာလောက်  မဆိုးရွားဘူး။ ကျမ်းကျိန်စာသင့်တယ်ဆိုဦးတော့ ကျွန်တော်နဲ့တွဲမြင်ခံရမှာလောက် သူကြောက်မှာ မဟုတ်ဘူး။
(ကိုကြီးက တကယ်ပဲ အဲ့လိုလူကြီးလား 😥)

ကိုကြီး၏ လက်ဝဲဘက်မှာ
အတူယှဉ်လျက် မမမြတ်ဆီသို့ လမ်းလျှောက်လာသည့်အခါ ကျွန်မကိုယ်ခန္ဓာ၏ လက်ဝဲဘက်အခြမ်းက လုံခြုံမှုဖြင့် နွေးထွေးနေပြီး လက်ယာဘက်တခြမ်းက အေးစက်နေ၏။ သို့သော် နှလုံးသားတည်နေရာဟု ဆိုကြသော ဘယ်ဘက်ရင်ညွန့်ကတော့ စူးနစ်စွာ နာကျင်လျက်ရှိပါသည်။ 😭😭😭😭

ဇာတ်လမ်းက အင်တာဗျူးဖြေရင်းနဲ့ နောက်ကြောင်းပြန်နေတာ ဖြေလိုက် ပြန်လိုက်နဲ့။ YunJae Fanfic ဖြစ်တဲ့ အစိမ်းရင့်ရောင်အလွမ်းများ ကိုတောင် သွားသတိရမိတယ်။

မိသားစုအခက်ခဲကြောင့် ကျောင်းထွက်ရတော့မဲ့ အေးငြိမ်းမေကို ထင်လင်းက ဘွဲ့ရသည်ထိ ပညာသင်စရိတ်တွေ ထောက်ပ့ံပေးခဲ့တယ်။ သုတနဲ့ရည်းစားတွေဆိုပေမယ့် ကိုကြီးကို အေးငြိမ်း ချစ်နေတာ သေချာပါတယ်။  ကိုကြီးကရော? သူကလည်း နည်းနည်းတော့ သဘောကျမယ်ထင်ပါတယ်။
ဒါပေမဲ့...ဒါပေမဲ့ပေါ့လေ

💠💠💠သူ မင်းကို ဘယ်တော့မှ 💠💠💠

ိုကိုယ့်အဖြစ်ကိုယ် ရီလဲရီချင်ပါရဲ့။ စဖတ်တုန်းကတော့ ငိုချင်လို့ ငိုရမယ်ထင်တဲ့ စာအုပ်ကိုရွေးဖတ်တာ။
ဒါပေမဲ့ endingလည်းရောက်ရော လက်မခံနိုင်ဘူးဖြစ်နေတာ။ အေးလေ..
ခေါင်းစဉ်ကိုက "သူ မင်းကို ဘယ်တော့မှ" ပါဆို ကျွန်မ ဘာကိုမျှော်လင့်နေတာလဲ 😅
အသက်ငယ်ငယ်လေးနဲ့ ဦး ဦးဆိုပြီးပြောတဲ့ ကိုကြီးကို အမြင်ကတ်လိုက်တာ ဘယ်လိုလူကြီးမှန်းလည်း မသိ ဆွဲလုပ်ပစ်ချင်တာ 😒

ခိုင် ပြောသလိုပဲ လိမ္မာတယ်ဆိုတာ အင်မတန်ပျင်းဖို့ကောင်းတဲ့အလုပ်ပဲ ကိုကြီးရဲ့🙂

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များOù les histoires vivent. Découvrez maintenant