၇။ စဉ်းစားစရာလေးတွေ

214 8 3
                                    

စဉ်းစားစရာလေးတွေ
အောင်သင်း

ခံစားမှုကို သယ်ဆောင်နိုင်ရန် အထူးပြုပြင် မွမ်းမံထားသော ဘာသာစကားကို ရသစာပေ ဟု ခေါ်ချင်ပါတော့သည်။

- စာတွေအများကြီး ဖတ်ပြီး ခွတီးခွကျ ကြောင်သွားတတ်တာတွေကကော ဘာကြောင့်လဲ ဆရာ။
- စာဖတ်များလွန်းလို့ ကြောင်တာ မဟုတ်ပါဘူး။ ပင်ကိုကကို ကြောင်နေလို့ ကြောင်တာပါ။ မင်းတို့ ပြောသလိုဆိုရင် စာကြည့်တိုက်တွေကိုတောင် လူကြောင်များ မွေးထုတ်ရာဌာနတွေဆိုပြီး ပိတ်ပစ်ရတော့မယ့်ပုံ ဖြစ်နေပြီ။ နဂို ခပ်ကြောင်ကြောင်လူက စာဖတ်များလာတော့ ဗဟုသုတပိုရှိလာပြီး သူနဲ့ စကားပြောလိုက်ရင် ဟိုဘက်က ကတ်ပြော၊ ဒီဘက်က ကတ်ပြောနဲ့ သူ့ကိုနိုင်အောင် ပြောနိုင်ဖို့ မလွယ်ဘူး။ ဒီတော့ သူနဲ့ စကားပြောရတာ စိတ်ပျက်စရာ ကောင်းတာပေါ့။ ဒါပါပဲ။
(ငါ့အကိုလိုလူမျိုး .. ဒီစာအုပ်ကလဲ သူ့စာအုပ်ပဲ 😅 )

ဘင်္ဂါလီကဗျာဆရာကြီး တဂိုး က သူ့ကဗျာလေးတပုဒ်မှာ ဘယ်လိုရေးထားသလဲဆိုတော့
' အမှားတွေ ဝင်မှာစိုးလို့ မင်းအိမ်ကတံခါးတွေကို ပိတ်ထားရင် အမှန်တွေလည်း မဝင်နိုင်တော့ဘူး' တဲ့။
(ကျွန်မ 😥)

တတ်ကျမ်းတွေနဲ့ ပတ်သက်ပြီးလည်း ဆရာက ဆွေးနွေးပေးထားပါတယ်။ အရမ်းသဘောကျပေမယ့် အရှည်ကြီးမို့ ချုံ့ရေးလိုက်ရင် မူရင်းအရသာ ပျက်သွားမစိုးလို့ ထည့်မရေးတော့ပါဘူး 😁

အိန္ဒိယဝန်ကြီးချုပ်ဟောင်း ပဏ္႑စ်နေရူးရဲ့ ကိုယ်တိုင်ရေး အတၳုပ္ပတိ္တ စအဖွင့်မှာ ထည့်ထားသော 'စာကိုး'
" သင်သည် ကိုယ်တိုင်ရေး အတၳုပ္ပတိ္တစာတစ်စောင်ကို ဖတ်တော့မည်ဆိုလျှင် သူ၏ကြွားလုံးကလေးများကို ကြားရန် နားပြင်ထားရလိမ့်မည်"

အိန္ဒိယကဗျာဆရာကြီး တဂိုးရဲ့ Stray birds စာအုပ်ထဲမှ ကဗျာ
If you shed tears when you miss the sun, you'll also miss the stars.
အဲဒါကို စာရေးဆရာသန်းဆွေက ဘာသာပြန်ထားတာလေးက
" နေမင်းကြီး ဝင်သွားပကောရယ်လို့ မျက်ရည်ကျနေရင် ကြယ်ရောင်တွေကိုလည်း မမြင်ရတော့ဘူးပေါ့ " တဲ့။

ငါးရာနှစ်ဆယ့်ရှစ် မေတ္တာရေတွက်ပုံ
အနောဓိသ (အပိုင်းအခြားမရှိသော မေတ္တာ) ၅ပါး
သြဓိသ (တစ်စုံတစ်ဦးအား သတ်မှတ်ပို့သသော မေတ္တာ) ၇ပါး
ပေါင်း ၁၂ပါး ကိုတည်
အဝေရာဟောန္တု (ရန်ကင်းပါစေသောဝ်)
အဗျာပဇ္ဇာဟောန္တု (ကြောင့်ကြကင်းပါစေ)
အနီဃာဟေယန္တု (ဆင်းရဲကင်းပါစေ)
သုခိအတ္တာနံ ပရိဟာရန္တု (မိမိကိုယ်ကို ချမ်းသာစွာ စောင့်ရှောက်နိုင်ပါစေ)
၄ခုနဲ့ မြှောက် ၊ ၄၈ပါးရ၏။
၄င်းကို အရပ်၁၀မျက်နှာနှင့်မြှောက် ၄၈၀။
ယင်း ၄၈နှင့် ၄၈၀ပေါင်းသော် ၅၂၈ရ၏။
( အဲ့နည်းရှိမှန်း သိကိုမသိခဲ့ဘူး 😄၁၅၀၀တွက်နည်းတော့ မပါလို့် မသိ )

စာရေးချင်တယ်ဆိုရင် ဆရာမင်းသုဝဏ်ရေးတဲ့ 'စု-တု-ပြု' နည်းကို ကျင့်သုံးပါတဲ့။

သူတစ်ပါးဖန်တီးထားတဲ့ အလှကို မခံစားတတ်ရင် ကိုယ်တိုင်က ဘယ်တော့မှ အလှကို မဖန်တီးနိုင်ပါဘူး။
ဒါဟာ ပုံသေ သဘောတရားပါ။
အလှကို မြင်တတ်ခြင်းက ပထမ။ ဖန်တီးတတ်ခြင်းက ဒုတိယပါပဲ။

⭐⭐⭐⭐⭐ 2019 January 17

အမေးအဖြေလေးတွေနဲ့မို့ အရမ်းဖတ်လို့ကောင်းပါတယ်။ မှတ်သားဖွယ်ရာတွေဆိုတာလည်း အများကြီးပါပဲ။ စာပေအမျိုးစားအမျိုးမျိုးနဲ့ ပတ်သက်ပြီး ဖြေပြသွားတာလေးတွေ အရမ်းကို သဘောကျမိပါတယ်။ 'စဉ်းစားစရာလေးတွေ' ဆိုလို့ စာအုပ်ကို heavy ကြီးဖြစ်မယ်ထင်ခဲ့တာ တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရတာ ကောင်းတဲ့ စာအုပ်တအုပ်ပါပဲ။













လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များWhere stories live. Discover now