၆။🔸သမိုင်းထဲက မန္တလေး၊ မန္တလေးထဲက သမိုင်း

517 9 0
                                    


သမိုင်းထဲက မန္တလေး မန္တလေးထဲက သမိုင်း
မြသန်းတင့်

Mandalay And Other Cities Of The Past In Burma (Myanmar)
V.C.Scott O'Connor

ခြေကျင်းသံ တချွင်ချွင်ဖြင့် ခေါင်းမြီးခြုံသွားလာနေကြသော အိန္ဒိယခဝါသည်မတစ်သိုက်နှင့် အနီးအနားတစ်ဝိုက်တွင်ရှိသည့် မြန်မာအမျိုးသမီးတို့မှာလည်း များစွာကွာခြားခြင်း မရှိလှပါ။
ဖုန်မှုန့်များမှာ သွားလေရာရာတွင် ထောင်းထောင်းထနေသဖြင့် တော်တော်စိတ်ဓာတ်ကျစရာ ကောင်းလှပါသည်။

ခြောက်သွေ့ပူပြင်းသည့်ရာသီဥတုနှင့် ပူပြင်းသောနေသည် မြန်မာအမျိုးသမီး၏
အသားအရေကို ညိုမည်းညှိုးခြောက်စေပါသည်။
မန ္တလေးသူများသည် အစ်မတော် ၊ညီမတော် အောက်သူတို့ ပိုင်ဆိုင်သော တောက်ပသည့် အလှမျိုးကို မပိုင်ဆိုင်ကြပါ။
(မန်းလေးသူတွေကို ပုံဖော်ရေးထားတာလေး သဘောကျမိ)

အမရပူရသည် ဗဒုံမင်း(ဘိုးတော်မင်း) လက်ထက်တွင် မင်းနေပြည်တော် ဖြစ်ခဲ့ဖူးသည်။
1853 မှာ မင်းတုန်းမင်း နန်းတက်ခဲ့သည်။
1857 February 13 တွင် မန ္တလေးမြို့၏ ပထမဆုံးပန္နက်ကို စတင်ချခဲ့သည်။
1857 June တွင် ဘုရင်နှင့် မှူးမတ်အခြွေရံများ အမရပူရမှ ရွေ့ပြောင်းလာခဲ့ကြသည်။
(မသိလို့ သိအောင် မှတ်တာ 😁)

နန်းတွင်းကိုသရုပ်ဖော်ထားပုံဖတ်ပြီးနောက် နန်းတွင်းထဲ အေးအေးဆေးဆေးနဲ့ တခေါက် အလည်သွားချင်ပြန်တယ်

ကုသိုလ်တော်ဘုရားက အပင်တွေက အဲ့တုန်းထဲက စိုက်ထားခဲ့တာထင်တယ် အပင်ပေါက်လေးတွေပဲရှိသေးတယ်

အမရပူရမယ် စပျစ်ပင်တွေ စိုက်ခဲ့ကြတယ်တဲ့

ဆရာမြသန်းတင့်၏ အမှာစာအား ကျွန်တော်က မှတ်မိလွယ်အောင် အတိုချုံ့ရေး 👇

ဒီစာအုပ်ကို စကော့အိုကွန်းနား က 1907 ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။
(တွေးမိမှာပေါ့နော် မြန်မာနိုင်ငံအကြောင်းရေးရအောင် သူကဘယ်သူတုန်းဆိုပြီးတော့) စကော့အိုကွန်းနားက ကိုလိုနီခေတ်က ဗြိတိသျှအရာရှိတဦးဖြစ်ပြီးတော့ ၁၈၉၁ကနေ ၁၈၉၅ခုနှစ်ထိ မြန်မာနိုင်ငံမှာ ၄နှစ်နေထိုင်သွားခဲ့တယ်။ မြန်မာနိုင်ငံအနှံ့ကိုလည်း ခရီးသွားလာခဲ့တယ်။ ၁၈၉၉ခုနှစ်မှာ မြန်မာနိုင်ငံကို တာဝန်နဲ့ ပြန်ရောက်လာခဲ့တယ်။ သူ့အကြားမြင်တွေ အတွေ့ကြုံတွေအပေါ် အခြေခံပြီး မန္တလေးနှင့် အတိတ်မြို့တော်များစာအုပ် နဲ့ ပိုးသားမျှင်အရှေ့တိုင်းစာအုပ် ၂အုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။
သူ့ရဲ့စာအုပ်ကို အိန္ဒိယဘုရင်ခံချုပ် လော့ကာဇုန်ဖတ်ပီးတော့ နန်းတွင်းထဲ အင်္ဂလိပ်စစ်တပ်တွေ ဖွင့်ထားတဲ့ ကလပ်တွေ ဘုရားရှိခိုးကျောင်းတွေကို ဖယ်ခိုင်းခဲ့တယ်။
လော့ကာဇုန်ဆိုတာ အိနိ္ဒယပြည်မှာ ရှေးဟောင်းအထိမ်းမှတ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့သော ဘုရင်ခံချုပ်ဖြစ်တယ်။

⭐⭐⭐2019 Jan 13

ခရီးသွားမှတ်တမ်းသဘောမျိုး ပုံတွေဝေဝေဆာဆာနဲ့ ဖော်ပြထားတာမို့ ဖတ်ရတာ သိပ်ကြီးပျင်းစရာတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူများတွေတော့မသိ ကျွန်တော်တော့ ဒီစာအုပ်ဖတ်တာ မင်းတုန်းမင်းနဲ့ သီပေါမင်း မင်း၂မင်းနဲ့တင် မျက်စိတွေလည်နေတာ 😅
နောက်တခေါက်ပြန်ဖတ်မှပဲ ဂဂဏဏနားလည်လိမ့်မယ်ထင်တယ် 😁

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များМесто, где живут истории. Откройте их для себя