၅။🔸ဖာရာရီလမ်းခွဲ

869 15 0
                                    

ဖာရာရီလမ်းခွဲ
မိုးရှင်း(I.M.T)

The Monk Who Sold His Ferrari
Robin Sharma

မင်းကိုယ်မင်း အချိန်ပေးပီး ရင်းနှီးမြှုပ်နံှခြင်းဟာ မင်းဘဝမှာ လုပ်ဖူးသမျှ ရင်းနှီးမြှုပ်နံှမှုတွေထဲက အကောင်းဆုံးအရာ ဖြစ်လာလိမ့်မယ်။

ဘဝမှာဖြစ်ပျက်တဲ့ ဆုတ်ယုတ်မှု၊ ကျရံှုးမှုတိုင်းမှာ ရယူစရာ အကျိုးကျေးဇူးတစ်ခုတော့ အမြဲရှိတတ်ကြောင်း ။
ထိုအဖြစ်ပျက်တွေဟာ ရုပ်ဖျက်ပြီးရောက်လာတဲ့လက်ဆောင် တစ်ခုဖြစ်ကြောင်း။

ကိုယ်ပြောင်းလဲလို့မရတဲ့ အဖြစ်ပျက်တိုင်းမှာ ကောင်းတဲ့အကွက်ကို ရွေးကြည့်တတ်လာရင် မင်းဘဝမှာ စိတ်ချမ်းသာမှုတွေ အများကြီးရလာလိမ့်မယ်။

မင်းလုပ်ရမယ့်အရာတွေကို နေ့စဉ် စိတ်ပါပါလုပ်ဖို့ လိုတယ်။ ထွက်လာမယ့် ရလဒ်ကို ဂရုမစိုက်လေလေ မင်း အမြန်ဆုံး ရလဒ်ကို တွေ့ဖို့ နီးစပ်လေလေပဲ။

အခြားသူတစ်ယောက်ရဲ့ စိတ်ကူးအိမ်မက်တွေအကြောင်း တွေးလိုက်တိုင်း သင့်ရဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ သင့်မှာရှိတဲ့ အချိန်တွေ ပဲ့ပါသွားတယ်ဆိုတာ မမေ့ပါနဲ့။

လူတိုင်းဟာ အလေ့အကျင့်အသစ်တခုကို စွဲမြဲဖို့ဆိုရင် အနည်းဆုံး၂၁ရက် ဆက်တိုက် လုပ်ကြည့်ဖို့ လိုတယ်။

ဖိအားကို မုန်းလို့မရဘူး။
သင့်တော်တဲ့ ဖိအားတစ်ခုလိုအပ်တယ်။ လူတွေဟာ ချောင်ပိတ်မိတဲ့အခါ သို့မဟုတ် အချိန်မရှိတော့တဲ့အခါမှာ သူတို့ဘဝရဲ့ အကြီးမားဆုံး စွမ်းဆောင်မှုတွေကို လုပ်ပြတတ်ကြတယ်။
(ဥပမာ စာမွဲနီးမှ စာကျက်လို့ မှတ်လို့ လွယ်တာမျိုး 😅)

စာအုပ်တွေက မင်းကိုယ်မင်း ပြန်မြင်အောင် လမ်းပြပေးတယ်။ မင်းကို စဉ်းစားတတ်အောင် သင်ပေးတယ်။ မင်းဆီမှာ ဘာတွေရှိနေလဲဆိုတာ မင်းကိုယ်တိုင် သတိထားမိအောင် ပြောပြတယ်။

အိပ်မပျော်ခင် ၁၀မိနစ်နဲ့ အိပ်ရာထပြီး ၁၀မိနစ်ဟာ မင်းရဲ့မသိစိတ်အပေါ်မှာ အများကြီး အကျိုးသက်ရောက်မှုရှိတယ်။
(အဲ့အချိန်လေးတော့ ကောင်းတာလေးပဲ စဉ်းစားရမယ် 😆)

⭐⭐⭐⭐ 2019 Jan 6

Preorder တင်ပီး ဝယ်ထားရတဲ့စာအုပ်ကို ဒီနေ့မှပဲ အစ အဆုံး ဖတ်လို့်ပြီး 😅
ဆရာမိုးရှင်း အမှာစာမှာ ပြောထားသလိုပဲ အစပိုင်းကတော့ အေးလျောလျောနိုင်တယ် (ကိုယ်တောင် အာ့ကြောင့် အစပိုင်းဖတ်ပီး သိပ်မကြိုက်တာနဲ့ မဖတ်ဖြစ်တာ 😁) 
ဒီနေ့ အစဆုံးပြန်ဖတ်ကြည့်တော့ကျ တော်တော်အသုံးဝင်တဲ့ စာအုပ်လို့ ပြောရပါမယ်။
ပေးချင်တဲ့ msg ချည်းရေးတာမဟုတ်ပဲ ဇာတ်လမ်းလေးနဲ့ဆိုတော့ စိတ်ထဲ မှတ်မိလွယ်ပါတယ်။ ကိုယ့်အမြင်ပေါ့နော် စိတ်ခွန်အားဖြည့်စာအုပ်ဆိုတာထက် စိတ်ပညာစာအုပ်နဲ့ ပိုတူသလားလို့ 😇

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များWhere stories live. Discover now