၄။ ဆုံနေရက်နဲ့ လွမ်းလေခြင်း

762 14 1
                                    

ဆုံလေရက်နဲ့ လွမ်းလေခြင်း
ဂျူး

ကျွန်မ ပြုံးမိသည်။ ခေါ်ထားချင်ပါရဲ့ မောင်လေးရယ်။ ခိုင်းဖို့်မဟုတ်ပါဘူး။ မောင်လေးဘဝမြင့်မားအောင် အားတဲ့အချိန်မှာ စာအုပ်တွေဖတ်စေချင်လို့၊ မေမေ့ဆီက ဆုံးမစကားတွေ ကြားစေချင်လို့၊ ဘွားဘွားနဲ့မေမေ့ရဲ့ မေတ္တာအကြင်နာတွေနဲ့ မောင့်နှလုံးသားလေးကို နူးညံ့အောင် ပြင်ဆင်ပေးချင်လို့။
( ဘယ်လောက်တောင် ဖြူစင်သန့်ရှင်းတဲ့ ချစ်ခြင်းမျိုးလေးလဲ 😭 )

တန်လို့လား။ ကျွန်တော်တို့နှစ်ယောက်ရဲ့ တစ်ဘဝလုံး စိတ်မချမ်းမြေ့မှုတွေနဲ့ လဲယူရလောက်တောင် အဲ့ဒီဂုဏ်သိက္ခာက တန်လို့လား။ တန်တယ်လို့ထင်လား။
မောင်ကများ မေးလာခဲ့ရင်
ကျွန်မ မသိတော့ပါဘူး မောင်ရယ်။

(ကြိုက်တဲ့အခန်းတွေ စာသားတွေက အများကြီးမို့ ရေးလို့ ကုန်မယ်မထင်လို့ ssရိုက်ထားမိတာလေးပဲ ပြန်ရေး😅)

အင်ကြင်းဝေဆိုတာ မိန်းမသားပါ မောင်
ယောကျာ်းသားဖြစ်တဲ့ မောင်သက်ဝေကတောင် ရှေ့ဆက်မတိုးပဲနဲ့
မောင်တားထားတဲ့ စည်းကို
မမလက်နဲ့ ဖျက်ရက်ပါ့မလား
ဖျက်ရဲပါ့မတဲ့လား မောင်ရယ်...
နှစ်စဉ်နှစ်တိုင်း
လာရောက်ယူငင်မယ့်သူမရှိတော့တဲ့
မွေးနေ့လက်ဆောင်လေးတွေကို
သနားမိပေမယ့်
မမပြုစုပျိုးထောင်ပေးခဲ့တဲ့ ပန်းလေး
ပင်ယံထက်မှာ ဝင့်ကြွားစွာရှိနေတာကိုပဲ
မမ ကျေနပ်ပါပြီ မောင်ရယ်..
(POV - Ingyin Wai)

မောင့်အပေါ်ထားတဲ့ မမရဲ့ချစ်ခြင်းမေတ္တာက မိခင်တယောက်လိုအချစ်၊
ဥယျဉ်မှူးတယောက်လိုအချစ် ဖြစ်ပြီးတော့ ချစ်သူတယောက်လို အချစ်ကတော့ အနည်းငယ်ပဲ ပါလိမ့်မယ် ထင်တယ် မောင်။
ပထမတခါဝေးခဲ့ရတာဟာ
မမ သတ္တိမရှိလို့ဆိုတာ မှန်ပါတယ်
ဒါပေမယ့်
ထပ်ပြီး ဝေးကွာခဲ့ရခြင်းမှာတော့
မောင်သတ္တိနည်းခဲ့တာလို့
တို့ပြောချင်တယ် မောင်။
၄နှစ်ဆိုတဲ့ အချိန်ကာလမှာ
မမပြောင်းလဲလာနိုင်တယ်ဆိုတာ
မောင်မသိဘူးလား
မောင်သာ ရှေ့ကိုဆက်တိုးခဲ့ရင်
မမ ရှောင်လွဲနိုင်ပါဦးမတဲ့လား
မောင့်ကို အပြစ်တော့ မဆိုရက်ပါဘူးလေ
တို့လည်းပဲ မောင့်ကို ချစ်မိခဲ့သူမို့ ...
(POV - Me)

🌟🌟🌟🌟🌟🌟🌟2019 Dec 1

ဖတ်ဖူးသမျှထဲ ကြေကွဲဝမ်းနည်းစရာ အကောင်းဆုံး ဇာတ်လမ်းလေး။
အင်ကြင်းဝေနေရာကနေ ခံစားမိပြီး ဖတ်ရင်းနဲ့ ခဏခဏ ငိုကြွေးမိတယ်။
စာအုပ်ကို စဖတ် ဖတ်ချင်းမှာပဲ ဘယ်လိုဖြစ်လို့ပါလိမ့်ဆိုတဲ့ သိချင်စိတ်ကို နှိုးဆွပြီး ခေါ်ဆောင်သွားလိုက်တာ စာအုပ်ကို ခဏလေးနဲ့ ဖတ်ပီးသွားတယ်လို့တောင် ထင်မိတယ်။
ဒီစာအုပ်လေးကို ဝယ်ဖြစ်အောင်ဝယ်ပြီး သိမ်းထားဦးမှပါ 💙

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များKde žijí příběhy. Začni objevovat