၃။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်...ခိုင်

1.2K 25 3
                                    

သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်... ခိုင်
တက္ကသိုလ် ဘုန်းနိုင်

မောင့်စာတွေဟာ ဆုံးမစာဆန်တာကြောင့် လောကသာရပျို့နဲ့အတူ ခိုင် ရိုသေစွာ သိမ်းထားပါတယ် မောင် ။

လိမ္မာတယ်ဆိုတာ အင်မတန် ပျင်းဖို့ကောင်းတဲ့ အလုပ်ပဲ မောင်။
လိမ္မာတယ်ဆိုတဲ့ လူတွေကို ကြည့်ပြီး ခိုင် သနားမိတယ်။
သူတို့ဟာ လောကကြီးကိုလည်း လိမ်နေကြတယ်။
လူလူချင်းလည်း လိမ်နေကြတယ်။
အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို ကိုယ်ပြန်လိမ်နေကြတာပဲ။
အဲဒီလို လိမ်ရင်းက သူတို့အသည်းနှလုံးဟာ မာလာကြတယ်။
လိမ္မာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့...။

ခိုင်ဟာလည်း အခြေအနေအရတော့ လိမ်ကြည့်မလားလို့ စိတ်ကူးတယ်။ လိမ်ဖြစ်လို့ ခိုင့်အသည်းနှလုံး မာလာရင် ဝမ်းနည်းမဲ့သူတော့ မရှိတန်ကောင်းပါဘူး...။

တောနဲ့ တောင်၊ လျှိုနဲ့ မြိုင်၊ ပွင့်ခေါင် ပွင့်မင်း၊ ပွင့်စုံခင်းပြီး ထုံသင်းကြိုင်လျှမ်း လရောင်လွှမ်းတဲ့ ရှမ်းတို့ရဲ့ ပန်းမြို့တော် မောမြေဘုံခန်း ရဝေနန်းပေါ်မှာ စုံမြန်းမွေ့လျော် ပျော်ဖွယ်အကြောင်းနှင့် စုံသူအပေါင်းကိုလည်း ... ကံကောင်းတယ်လို့ပဲ ဆိုရမှာပဲ မောင်ရယ်နော် ...။

( မောင့်ဆီကို စာရေးတဲ့အခါ အဲ့လိုမျိုး ထေ့လုံးငေါ့လုံးလေးတွေသုံးပြီး ရေးတတ်ပါတဲ့ ခိုင် )

ချစ်ပါတယ် ခိုင်ရယ်... ။
ခိုင့်ကို မောင် သိပ်ချစ်ပါတယ်
ဒါပေမဲ့ ငိုရတဲ့ အချစ်မျိုးနဲ့ ချစ်ပါတယ်လို့ မောင် မပြောပါရစေနဲ့တော့။
မငိုရတဲ့ သူငယ်ချင်းချစ်နဲ့ပဲ ချစ်လိုက်ပါရစေ။
သံသရာအဆက်ဆက် ပြန်ဆုံတွေ့တဲ့ရက်အထိ ခိုင့်ကို သူငယ်ချင်းအဖြစ်နဲ့ပဲ မောင်.. ဆက်ချစ်ပါရစေ ခိုင်...။

( ခက်ပါလား မောင် ရယ်... ခိုင်က မောင့်ကို သူငယ်ချင်းအချစ်ထက် ပိုချစ်ခဲ့ရတဲ့သူပါ မောင်ရယ်။ မောင့်ကို စောင့်မျှော်နေတဲ့ ဥစ္စာစောင့်မလေး ခိုင့်ကို မောင်တွေးကြည့်မိဖူးရဲ့လား )

အချစ်ဆိုတာဟာ သတ်ပစ်လို့ မရဘူး။
မေ့ပစ်လို့လည်း မရဘူး။
မရှိချင်ယောင်ဆောင် လှည့်စားထားလို့်ပဲ ရတယ်...။ ( ငြိမ်းမောင် )

မမခိုင်ကို ကျွန်တော် ချစ်ခဲ့တယ်။
ချစ်ခဲ့တယ် ဆိုတဲ့စကားဟာ မှားပါတယ်... ကိုးကွယ်ခဲ့မိတယ်။
အဲဒီလို ကိုးကွယ်မိတာဟာလည်း
ကျွန်တော် မှားတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုးကွယ်သူဟာ ဘယ်တော့မှ ပိုင်ဆိုင်ခြင်းကို မရဘူး။
ကိုယ်က ပူဇော်ရတာပဲ ရှိတယ်။ 
( တင်မောင်ညွန့် )

🌟🌟🌟
အဓိကဇာတ်ဆောင်မဟုတ်ပေမယ့် ကြိုင့်ကိုလည်း သနားမိတယ်။
ကြိုင် အပျိုကြီးဘဝနဲ့ပဲ နေတယ်ဆိုတော့ ကိုကို့ကို မမေ့နိုင်လို့များလား..
လှိုင် ကရော
သူ့အစ်မ ခိုင်က မောင့်ကို မေတ္တာရှိတယ်ဆိုတာ တကယ်မသိလို့ ခေါင်းညိတ်ခဲ့တာလား 😥

Date - 2018 Dec 30

စာလုံးသေးသေးလေးတွေနဲ့မို့ စာလုံးအကြီးချဲ့ပြီး ဟိုရွေ့သည်ရွေ့နဲ့ ဖတ်ရတာ လုံးဝအဆင်မပြေ 😢










လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များWhere stories live. Discover now