၈။ ပိုချစ်ရသူ ကိုယ်ပဲ ဖြစ်ပါစေ

406 16 3
                                    

ပိုချစ်ရသူ ကိုယ်ပဲ ဖြစ်ပါစေ
ဂျူး

W.H.Auden ရဲ့ The more loving one ဆိုတဲ့ကဗျာကို ဆရာမဂျူးမှ ဘာသာပြန်

"သူတို့ စောင့်ရှောက်သော်ငြား
ကိုယ်ငရဲရောက်နိုင်သား"
ကြယ်တွေကို မော့ကြည့်ကာပင်
ကိုယ်တရေးရေးသိမြင်။
မြေပေါ်မှာဖြင့်
အနည်းဆုံးတော့ လစ်လျှူရှုသင့်
လူ သို့မဟုတ် တိရစ္ဆာန်ကို
ကိုယ်တို့ ကြောက်ရမယ်ထင့်။
ကြယ်ဆိုတာက ကိုယ်တို့်အတွက် လောင်ကျွမ်းနေရ။
ကိုယ်တို့က ဘာမှ ပြန်မပေးနိုင်ဘူးဆိုပါရင်၊
ဒါမျိုးဟာ ကောင်းရဲ့ လား။
ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်ရသူ ကိုယ်ဖြစ်ပါရစေ။
အပြစ်မတင်တတ်တဲ့ ကြယ်တွေကို
ချီးကျူးငေးမောသူ ကိုယ်ဟာ
ကြယ်တစ်စင်းကို
တနေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး။
'ကြယ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရင်
ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်
ကိုယ်ဟာ ဗလာကောင်းကင်ကို မော့ကြည့်ရင်း
ပိန်းပိတ်တဲ့ အမှောင်ရဲ့ ခမ်းနားမှုကို
ခံစားရတော့မယ်။
အချိန်တော့ နည်းနည်းယူရမှာပေါ့'

မြဝန်းရံ နဲ့ ပြည်မိုးငြိမ်း
( ဇာတ်ကောင်နာမည်တွေ သဘောကျလို့ 😁)

ဇာတ်လမ်းစလိုက်ပုံလေးက..
ပြည်မိုးငြိမ်းက မြန်မာနိုင်ငံထဲက အကောင်းတွေချည်း ရှိတဲ့ နေရာတခုကိုပြော မြဝန်းရံက အဲ့နေရာရဲ့ အဆိုးကို ဖော်ထုတ်ပြမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ကြတယ်။
အလျော်စားက မြဝန်းရံရှုံးရင် ပြည်မိုးငြိမ်းကို လက်ထပ်ရမတဲ့။ ပြည်မိုးငြိမ်းရံှုးရင်တော့ သူ့ရဲ့လက်ရှိအလုပ်ကို စွန့်လွှတ်ရမယ်။
(မြဝန်းရံရယ် နင့်မလည်း ကျားပါးစပ်ထဲ ချော်လဲတယ်ပဲ ပြောရမလား 😅)

အဲ့ဒီနောက် မြဝန်းရံက ပြည်မိုးငြိမ်းပြောတဲ့ အောင်မြေသာစံဆိုတဲ့ မြို့နယ်လေးကို တယောက်ထဲ သွားရောက် စုံစမ်းခဲ့တယ်။
ကိုလူလည်ကြီး ပြေမိုးငြိမ်းက သူနေတဲ့နေရာကို ပြောခဲ့တာလေ။ 😂😂

ဒီစာအုပ်က လျှို့ဝှက်သည်းဖိုဆန်လိုလို လူသတ်မှုတွေရော ပါတော့လေ။ ကိုယ်ကတော့ သူတို့နိုင်မယ် မနိုင်ဘူးဆိုတာထက် တရားခံဘယ်သူလဲဆိုပြီး စိတ်ဝင်စားနေမိတာ။
ပြီးတော့ ပြည်မိုးငြိမ်းကြီးကိုလည်း သိပ်ကြည့်မရချင်ဘူး
မြဝန်းရံရဲ့စိတ်ကို တဖြည်းဖြည်းနဲ့ သိမ်းယူသွားတယ် ပီးတော့ အလောင်းစားနဲ့မဆိုင်ဘဲ ဖွင့်ပြောလိုက်တော့ ဘာဖြစ်မှာကျလို့ 😒
ဘယ်လိုပဲတွေးတွေး မြဝန်းရံဘက်က အရံှုးချည်းပဲ ထင်တာပဲ။
(ကိုယ်ဟာ မြဝန်းရံဘက်က နာပေးနေသူတယောက်သာ 😂)
ကိုယ် အရင်ဖတ်ဖူးတဲ့ ဂျူးရဲ့စာအုပ်တွေနဲ့ မတူတာတော့အမှန်ပဲ ။

⭐⭐⭐⭐ 2019 Jan 19



လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များWhere stories live. Discover now