၁၆။ ကျွန်မဖတ်ဖို့ (၆)

317 7 2
                                    


ကျွန်မဖတ်ဖို့(၆)
နိုင်းနိုင်းစနေ


ကြောက်စရာအကောင်းဆုံးက
စိတ်ဆန္ဒပြင်းပြမှုမရှိတာ မဟုတ်ဘူး။
ကြောက်စရာအကောင်းဆုံးက
ကိုယ့်ကိုယ်ကိုယ်သနားညှာတာ ကိုယ်ချင်းစာနေမှုပါပဲ။
စိတ်ထဲမှာတော့
စိတ်အားထက်သန်မှု ပြည့်နေတာပါ။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့...
လက်က ဖုန်းကိုခွာတာနဲ့ မရှင်သန်နိုင်တော့သလိုမျိုး၊
မနက် နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်ပစ်တာမျိုး၊
စာအုပ်စင်ပေါ်က စာအုပ်တွေ ဖုန်ထူထပ်နေတာမျိုး၊
စားဝမှပဲ ဝိတ်လျော့မယ်လို့ သတိရတာမျိုး။
ဒီလောကကြီး ကိုယ့်အပေါ်ရက်စက်မှာကို မကြောက်ပါဘူး။
ကိုယ်ကငါ ကိုယ့်ကိုယ်ကိုယ်အလိုလိုက်
စာနာညှာတာနေမှာပဲ စိုးတာ။
( ငါ.. ငါ 😭 )


ရက်၃၀မှာ လူတယောက်ကို ပြောင်းလဲနိုင်ရင် ဘာဖြစ်လို့ ကောင်းတဲ့ဘက်ကို ဦးတည်ပြီး မပြောင်းလဲနိုင်ရမလဲ။


သင်ချစ်တဲ့ အဲ့ဒီလူဟာ နဂိုက သာမန်လူတယောက်မျှပါ။
သင့်ရဲ့ချစ်စိတ်၊ အကောင်းမြင်စိတ်ကြောင့်
သူ့ကိုယ်ရောင်လင်းလက်လာတာပါ။
ဒါကြောင့် ချစ်တတ်သူဟာ အချစ်ခံရသူထက်
ပိုကြီးမြတ်ပါတယ်။
ဆွဲဆောင်မှုရှိတဲ့သူက သင်ပါ။
စိတ်သဘောထားကြီးမားသူဟာ သင်ပါ။
အကောင်းမြင်တတ်သူဟာ သင်ပါ။
သင့်ရဲ့ချစ်ခြင်းတွေကြောင့်
ဒီလောက ပိုနွေးထွေးခဲ့ပါတယ်။


အချစ်ရေးတခုမှာ အကြောက်ရဆုံးအရာက...

တယောက်က အရမ်းအလုပ်များပြီး
ကျန်တယောက်က အားလပ်ချိန်များနေတာ။

တယောက်က အပေါင်းအသင်းများပြီး
ကျန်တယောက်က သူ့တယောက်တည်းပဲရှိတာ။

တယောက်က ထိရှလွယ်ပြီး
ကျန်တယောက်က ဖြေရှင်းရဖို့ ပျင်းတာ။

အချင်းချင်းရဲ့ သံယောဇဉ်တွေ
ဝေးသထက်ဝေးလာကြတာဟာ မချစ်ကြတော့လို့ မဟုတ်ဘူး။
နှစ်ဦးကြားကွာဟချက်များလို့
တွေဝေမှု၊အထင်လွဲမဖျားမှုတွေကြောင့်
နှစ်ယောက်စလုံး မောပန်းကုန်ကြလို့ပါ။
( သူနဲ့ ကျွန်မ 💔 )


မေ့ပစ်လိုက်တာတော့ မဟုတ်ဘူး.... လွှတ်ချခဲ့တာပါ။
လမ်းတလျှောက် နညး်နည်းစီ လွှတ်ချခဲ့တယ်။
နောက်ထပ် ထပ်ပြီး လွှတ်ချခဲ့တယ်။
ကျန်ရှိနေတဲ့ အရာတချို့တော့
ထပ်မလွှတ်ချရက်တော့ဘူး။
နှလုံးသားတနေရာမှာ မြှပ်နှံပြီး
ကဗျာအဖြစ် မှတ်ဉာဏ်ထဲ သိမ်းထားလိုက်တယ်။
တချိန်ချိန် ကိုယ်အိုမင်းသွားတဲ့အခါ
အတိတ်မှုန်ဝါးသွားမယ်။
အရာတော်တော်များများကို မေ့သွားမိမယ်။
ဒါပေမဲ့ ဟိုးအရင်တုန်းက
လူတယောက်ကို ကိုယ်ချစ်ခဲ့ဖူးတယ်ဆိုတာကိုတော့
ကိုယ်မှတ်မိလိမ့်မယ်။


အင်္ဂလန်စာရေးဆရာ Maugham က
လောကမှာ ရုပ်ဆိုးတဲ့မိန်းကလေးဆိုတာ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်လှပအောင် ဘယ်လိုလုပ်ရမှန်းမသိတဲ့ မိန်းကလေးတွေပဲ ရှိတယ် လို့ ဆိုခဲ့တယ်။
( 100 percent ထောက်ခံပါ၏ 😄 )

♥♥♥♥♥♥April 13

ဖတ်ပီးတာတော့ကြာပြီပေါ့နော်
ခုမှတခါပြန်ဖတ်ရင်း ရေးလိုက်တာပါ။
ရိပ်သာဝင်မှာမို့ သင်္ကြန်ပီးမှပဲ စာအုပ်တွေအများကြီးဖတ်ပြီး ပြန်လာခဲ့ပါမယ် 💛

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များDonde viven las historias. Descúbrelo ahora