၉။ တနင်္ဂနွေ ဒါလင်

205 7 0
                                    

တနင်္ဂနွေ ဒါလင်
သူဝေး

နှင်းမိုးရာသီ အစကတည်းက
တစ်ယောက်တစ်လမ်း
မွေးရာပါ မီးနီပြခံထားရတဲ့သူပါပဲ။

အတွင်းမကြေပါဘူးလို့ ဘယ်လိုငြင်းငြင်း
အပြင်နံရံတွေက မျက်ဝါးထင်ထင်ပြိုလို့။

ခဏလေးပါဟာ
မကြာစေရပါဘူး
နင့်ရနံ့လေး အလွတ်ရခါနီးပါပြီ ... ချစ်သူရဲ့။

နောက်ပိုင်း ....
လမင်းကို လုံးချေမိလည်း အပြစ်မရှိ
သီချင်းတွေ သွေးလွန်သွားလည်း အပြစ်မရှိ
နင့်ကိုချစ်မိတာသာ အပြစ်နည်းနည်းရှိရဲ့လို့
ငါသိလိုက်တယ်။

နည်းနည်းပါဟာ
အများကြီးမဟုတ်ပါဘူး
ဒါပေမဲ့ အဲ့ဒီနည်းနည်းက
ငါ သေဖို့လည်း လုံလောက်နေ။
ငါ ရှင်ဖို့လည်း လုံလောက်နေ။
အခုလို ငါမသေမရှင်ဖြစ်နေဖို့လည်း
ကောင်းကောင်းလုံလောက်စေခဲ့ပေါ့ . . . ။

Sunday📅📅📅📅📅📅📅Darling

ငါ့လက်ဖဝါးပျောက်တိုင်း
နင့်လက်ဖဝါးထဲ ပြန်ရှာရတဲ့ အချိန်ကို ချစ်တယ်
ဘယ်လောက် အတိတ် အတိတ်
ရေညှစ်ပြီး ပြန်ဝတ်
ကိုယ့်အကျႌလေး ခေတ်မတုံးသေးတဲ့အကြောင်း
ဒီနေ့ပြောပြမယ် ။ ။

ဘုရားသခင်က
ငှက်ကလေးအဖြစ် ဖန်ဆင်းပေးလို့
မြန်မြန်ပျံသန်းလာတုန်း
နတ်ဆိုးက
မင့်ရင်ထဲမှာ စာခြောက်ရုပ်ကြီးမြေစိုက်
ခပ်မိုက်မိုက်ရပ်နေခဲ့ပြီ
ဒီလို မျက်နှာဖုံးအတုရဲ့ ကြင်နာမှုအကြောင်း
ဒီနေ့ပြောပြမယ် ။ ။

ဒီစည်းကျော်ရင် ပစ်မယ်လို့
အသံရင့်ရင့်နဲ့ ပြောထားပေမယ့်
တလှမ်းပြီးတလှမ်း ကန်းသောအလွမ်းတွေ
ရင်ထဲ ကင်းခြေမြားလို တရွေ့ရွေ့ဝင်လာတဲ့အကြောင်း
ဒီနေ့ပြောပြမယ် ။ ။

ဘဝဆိုတာ
ဘယ်သူ့အိပ်ရာ အဝင်မှာ
ဘယ်သူကပြောပြနေမှန်းမသိတဲ့ ပုံပြင်ရှည်ကြီးပါပဲ
ကိုယ်တို့က ချော်လဲတတ်တဲ့ ဇာတ်ကောင်တွေအဖြစ်
ပုံပြင်တိုင်းမှာ လာဖြစ်နေရတဲ့အကြောင်း
ဒီနေ့ပြောပြမယ် ။ ။

ပြန်တွေးကြည့်ရင်း
ဝမ်းနည်းပြီး ပျော်ရတယ်
ဝမ်းနည်းပြီး ပျော်ရတိုင်း
ဒီလို စိမ့်ဝင်မှုတွေ ပတ်ကြားအက်ရှာနေတဲ့အကြောင်း
ဒီနေ့ ပြောပြမယ် ။ ။

တော်ပြီ . . . တော်ပြီ . . . တော်ပါပြီ အချစ်ရယ်။
မော . . . .
ဒီနေ့ ဘာဆို ဘာမှ မပြောတော့ဘူး
မင်းပုခုံးမှာပဲ တကယ်မှီအိပ်
ညနေခင်းလေးကို ကြိုးဆွဲခလုတ်နဲ့
တိတ်တိတ်လေး မှိတ်လိုက်မယ် ။ ။
. . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . .
ကိုယ်အေးမြနေတဲ့ အကြောင်း
အခုပဲ ပြောပြခဲ့ပါတယ်။

(ကဗျာရှည်ကြီးထဲမှ ခံစားနှစ်သက်မိသည့် နောက်ပိုင်းကိုသာ ကူးထားပါသည် 😁 )

📅📅📅📅📅📅📅2019 Jan 27

Sundayမှာ Sunday Darlingဖတ်ရင်း

ရွှေသဝဏ်လွှာကို အမြင်တွေကပ်
မင်းဘွဲ့ကိုလည်း အဲ့လောက်ချစ်ရအောင် နင်ကအရူးလားဆိုပြီး ပြောနေမိတယ် 😅

တယောက်က အနီးနားက ကိုယ့်ကိုချစ်တဲ့လူကို ကိုယ်ကလည်းချစ်ရဲ့သားနဲ့ ဒဏ်ရာတွေပေးပြီး ဘယ်ဆီရောက်မှန်းမသိတဲ့ ချစ်သူကို မျှော်ရင်းဆွေးနေတယ်။
တယောက်ကတော့ ကိုယ့်ကိုဒဏ်ရာတွေပေးမှန်းသိရက်နဲ့ အပြစ်မမြင်ရက်ပဲ ခွင့်လွှတ်ပြီး ဆက်ချစ်နေတယ်။
SEဖြစ်စေချင်တာကို မဖြစ်ဘူး 😩😂

စာကြွင်း - ကိုယ်ဟာ သူဝေးဖန်တယောက်လည်းဖြစ်ပြီး  သူဝေးရဲ့စာအုပ်ထဲက ပါတဲ့ ကဗျာတွေစဖတ်ရင်း ကဗျာကို ခံစားတတ်လာခဲ့သူတဦးပါ 😊

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များDove le storie prendono vita. Scoprilo ora