၃၀။ ကျွန်မဖတ်ဖို့

231 5 4
                                    

ကျွန်မဖတ်ဖို့
▪နိုင်းနိုင်းစနေ▪
2019August23

💚 စိတ်ရောကိုယ်ပါ နှစ်ပြီး ချစ်ပါ။ နာကျင်တာကို ခံရင် ခံရလိမ့်မယ်။ ဒါပေမယ့် ဒီအချစ်ဟာ ဘဝကို ပြည့်စုံစေတဲ့ နည်းတစ်ခုပဲ။

🍀လောကမှာ အပင်ပန်းဆုံးအရာက ဘဝကို မရေမရာနဲ့ ဖြတ်သန်းနေခြင်းပါပဲ။

🍀လုံးဝပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတစ်သက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။

🍀အရံှုးနဲ့ရင်ဆိုင်ရမှာကိုကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာမဟုတ်ဘူး။

🍀ဘယ်အချိန်မှာ စတင်ခဲ့တာပဲဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

🍀တခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ်က တခြားသူရဲ့စကားကို ယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ ဖြစ်တယ်။

🍀အရာရာကို ရင်ဆိုင်ပါ။ ကြာလာရင် ရင်ဆိုင်ရမှာကို မကြောက်တော့ဘူး။ အရာရာကို လက်ခံကြည့်ပါ။ ကြာလာရင် ကျင့်သားရသွားပါလိမ့်မယ်။

🍀ကိုယ့်ဆန္ဒကို စိတ်ကူးထဲမှာပဲ ထည့်သိမ်းမထားပါနဲ့။ ကိုယ်လုပ်ချင်တာကို သတ္တိရှိရှိလုပ်ပြီး လေထဲမှာ ကိုယ် တိုက်ဆောက်နေတာမဟုတ်ကြောင်း လူတွေကို သက်သေပြပါ။ ကိုယ့်ဆန္ဒတွေ တကယ်ဖြစ်လာအောင် ကြိုးစားပါ။
(Wang Yibo did it! )

🍀ကိုယ့်ကိုယ်ကို အားလပ်ချိန်လေးပေးပြီး တယောက်တည်း ထီးထီးနေကြည့်ပါ။

🍀ပင်ပန်းတယ်ဆိုတာ ဇိမ်ခံခြင်းတစ်မျိုးပဲ။ အချိန်ဖြုန်းတဲ့ တန်ဖိုးမဲ့တဲ့သူမဟုတ်ကြောင်း ကျွန်တော်တို့ကို ခံစားစေလို့ ဖြစ်တယ်။

🍀ခံစားချက်ကို အလဟဿ မဖြုန်းနဲ့ 🍀
သင့်အကြောင်းလူတွေ မဟုတ်မမှန်ပြောလို့ ဒီနေ့သင်မပျော်ဘူး။ လူတွေနဲ့လည်း ရန်မဖြစ်ချင်လို့ လူတွေအနားက သင်ခွာခဲ့တယ်။ လူတွေဆီကသာ သင်ခွာခဲ့ပေမယ့် သင့်စိတ်ထဲ နာကျင်ခြင်းထဲကနေ သင်မခွာနိုင်လို့ တွေးလေ သင်ဒေါသထွက်လေ ဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင်အာရုံမစိုက်နိုင်တော့ဘူး။ စိတ်ပါလက်ပါ သင်အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်ယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင် လျစ်လျူရှုမိတတ်တယ်။ သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ ဖြစ်တယ်။

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များWhere stories live. Discover now