၃၅။ နှင်းဆီ

211 5 0
                                    

မစန္ဒါ

ကျွန်မအနေနဲ့ ဆရာမ မစန္ဒါရဲ့ စာအုပ်ကို ပထမဆုံးဖတ်ဖူးတာပါ။

ဒီ နှင်းဆီ ဖတ်ရင်း ဘာသတိထားမိလဲဆိုတော့ တပိုင်းနဲ့တပိုင်း ချိတ်ဆတ်ပြီးရေးတာလေးကို အတော်သဘောကျမိတယ်။

ဥပမာ ပထမတပိုင်းမှာ

နှင်း ထိုလူကို ချစ်ရမှာ ကြောက်ပါသည်။

အဲ့လိုမျိုး အဆုံးသတ်ပြီး
နောက်တပိုင်းအစမှာကျ

"ငါတော့ မိန်းမတွေကို ကြောက်တယ် မောင်"

အဲ့လိုမျိုးနဲ့ ပြန်ပြီး ချိတ်ဆတ်ထားပါတယ်။

အပိုင်းတော်တော်များများကို အဲ့လိုချိတ်ပြီး ရေးသွားတော့ ဖတ်ရတာ တမူထူးခြားတဲ့ ခံစားချက်ကို ရစေတယ်။

ကျွန်မဖတ်ဖူးသမျှစာအုပ်ထဲတော့ အဲ့လိုရေးသားပုံမျိုး မတွေ့ဖူးဘူး။ (သတိမထားမိတာပဲလားမသိ 😅)

Strangers from hellဇာတ်လမ်းမှာဆို အဲ့လိုအချိတ်အဆတ်မျိုးနဲ့ ရိုက်ထားတာ သတိထားမိတယ်။

ဇာတ်လမ်းကလည်း အဆုံးသတ်ကို မှန်းဆလို့မရအောင်ကို အချိုးကွေ့တွေနဲ့ ဆွဲခေါ်သွားတာ။
ကျွန်မကတော့ မိန်းကလေးတွေရဲ့ အသည်းကိုနင်းချေတတ်တဲ့ မျက်နှာပြောင်လွန်းတဲ့ တင်မောင်ကျော်ဆိုတဲ့ကောင်ကို သတ်ပစ်ချင်တော့တာပါပဲ။ ဝတ္ထုထဲက သိပ်ချစ်တတ်တဲ့ ယောကျာ်းမျိုးတွေ အပြင်မှာမရှိနိုင်ပေမယ့် သူ့လိုယောကျာ်းမျိုးကတော့ အပြင်မှာ ​ဘယ်လောက်တောင်ပေါများလိုက်မလဲ။

အဲ့ဒီမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေပြီး စာမေးပွဲခန်းထဲကထွက်လာကြတဲ့ ကလေးတွေရဲ့ မျက်နှာက အလွန်စိတ်ဝင်စားစရာကောင်းတယ်ဆိုပဲ။

နှင်းဆီရယ် ​တင်မောင်ကျော်ရယ် ကျောင်းပေါက်မှာ ထိုင်စောင့်ပြီး ကလေးတွေမျက်နှာကိုကြည့်ခဲ့ကြတယ်။ ဖြေနိုင်တဲ့ကလေးတွေက အော်ဟစ်ခုန်ပေါက်ပြီးထွက်လာရင် သူတို့လည်းပျော်ရပြီး မဖြေနိုင်လို့ မျက်ရည်ဝဲနေတဲ့ကလေးတွေတွေ့ရင် သူတို့လည်း စိတ်မကောင်းဖြစ်မိကြတယ်တဲ့။

ကျွန်မလည်း ဒီတခါ တက္ကသိုလ်ဝင်စာမေးပွဲကျ သွားကြည့်ရဦးမယ်။ (အလုပ်ပိတ်ရက်နဲ့တိုက်ရင်ပေါ့လေ 😖)

🥀
"စိတ်ဆိုးတယ်ဆိုတာ စိတ်ဆိုးပြေတဲ့နေ့ရှိတယ်။ စိတ်နာတယ်ဆိုတာ ပြေတဲ့နေ့မရှိဘူးလေ"
"ဒီလောက်တောင်ပဲ နာကြည်းနေရသလား နှင်းဆီ"
(ပါးရိုက်ပစ်ချင်စရာ )

🥀
သူ့မျက်နှာကိုကြည့်ရင်း သူ့အသံကိုနားထောင်ရင်း နှင်း၏ရင်ထဲတွင် ခါးခါးသီးသီးကြီး ဖြစ်သွားလေသည်။ နှင်းအနေနှင့် နာသင့်မနာသင့်ကို သူကသာ အသိဆုံးဖြစ်သည်။ ထိုသို့သိရမည့်သူက မသိကျိုးကျွန်ပြုကာ သည်လောက်နာကြည်းနေရသလားဟု တပြန်ပြန်ပြီး မေးနေသည်။ မရယ်ချင်ဘဲနဲ့များ ရယ်တတ်လျှင် တဟားဟားအော်ပြီး ရယ်ချလိုက်ဖို့ ကောင်းလှသည်ဟု နှင်းသည် အော်ဟစ်ပြီး ပြောလိုက်ချင်တော့သည်။


🥀
"နှင်းဆီကလည်းကွာ ပြီးတာ ပြီးပြီပဲ"
"အင်း အင်း အသာစီးနဲ့ အနိုင်ယူခဲ့တဲ့သူကတော့ ပြီးတာက ပြီးပြီပေါ့လေ ၊ ဟုတ်တာပေါ့ ၊ အဲ့လိုပဲ ပြောမှာပေါ့ "

🥀
"မောင့်နှင်းဆီမှာ ဆူးတွေရှိနေပြီဆိုတာ မကြာခင်သိရတော့မယ် မောင် ၊ အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ ၊ ခံလိုက်ပေဦးတော့ ဦးတင်မောင်ကျော် ၊ နှင်းဆီဆူးဟာ စူးတတ်တယ်လေ ၊ သေအောင်ကို ဆူးတတ်တယ်ဆိုတာ မကြာခင် သိရတော့မှာပေါ့"


🥀 2019 🥀 October 🥀 27 🥀

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များWhere stories live. Discover now