၁၂။ ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ်ပြန်ပွင့်ခွင့် ရခဲ့သော်

186 6 1
                                    

"ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ်ပြန်ပွင့်ခွင့် ရခဲ့သော်"
တာရာမင်းဝေ

ဘာရယ်မဟုတ် သုတတွေချည်းဖတ်လာတာတော့ နည်းနည်းပျင်းလာလို့ ရသတွေဖတ်ချင်လို့ ကောင်းမလားဆိုပြီး ဖတ်ကြည့်ရာက သဘောကျလို့ အဆုံးထိဖတ်ဖြစ်သွားတာ။
စာအရေးသားကခပ်သွက်သွက်နဲ့မို့ ဖတ်ရတာ သဘောကျမိတယ်။ပြီး ကဗျာလေးတွေ ကြို့ကြားကြို့ကြားပါလာတတ်တာလည်း သဘောကျမိတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်ကောင်လေး ဘုန်းမြတ်သွေး က ထောင်ထဲမှာ သေသွားရရှာတဲ့ သူ့အဖေက လူသတ်သမားမဟုတ်ကြောင်းကို စိတ်ညှို့ပညာသုံးပြီး ရှာဖွေဖော်ထုတ်သွားတာ။

စိတ်ညှို့တာနဲ့ အိပ်မွေ့ချတာကို ပညာရှင်တွေ သုတေသီတွေအားလုံးလိုလိုကတော့ အတူတူပဲလို့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ မတူဘူးလို့ထင်တာပဲ။ ကွဲတော့ကွဲတယ်ဗျ။
ခင်ဗျားတို့ ဂီတသံတစ်ခုနားထောင်တယ် ဆိုပါစို့။
ခင်ဗျားတို့ကို ဂီတသံက အရမ်းဆွဲဆောင်ပြီး ညို့ယူဖမ်းစားထားတယ် ဆိုပါတော့။ နားရွက်တောင်မခတ်ရဲဘဲ ခံစားနားထောင်မိတယ် ဆိုပါတော့။ အဲဒါ ခင်ဗျားတို့ အညှို့ခံထားရတာပဲ။
ဒါမှမဟုတ် အဲဒီဂီတသံက ပျင်းရိငြီးငွေ့စရာကောင်းတယ်ဆိုပါတော့။ ခင်ဗျားတို့ အိပ်ငိုက်လာတယ် ဆိုပါတော့။ အဲဒါ အိပ်မွေ့ချခံရတာပဲ။

လူတွေမှာ မသေဘဲ အသက်ရှုရပ်သွားတဲ့အချိန်ရှိတယ်တဲ့။
(ပေါက်ပေါက်ရှာရှာတွေနော် သိချင်mentဖတ်ကြည့် 😅)

အချစ်ရေ…
ကြိုမသိနိုင်တဲ့
အိမ်မက်တစ်မက် မက်ဖို့အတွက်
ကိုယ့်အား
အိပ်စက်ခွင့် ပြုပါ။ ။

ရူးသွပ်မှုတွေကို အနားပေးလိုက်ပါ
အရာရာဟာ စနစ်တကျနားလည်ပေးပါလိမ့်မယ်
သေချာတယ်
အဲဒါဟာ အမှန်တရားပဲ။

မနော်ဟရီ
(………………)

ငါဟာ
ဆေးပုလင်းတစ်လုံး အမြန်ဆုံးဖြစ်ခဲ့ရပေါ့
ငါ့ကိုယ်ငါတော့သောက်မျိုချိန်မရလိုက်။

နီဝင်းချို
(အတ္တမိတ္တူမှ)

မြင်းစီးကြည့်တာပဲ
အထီးမှန်း အမမှန်းမသိတော့လည်း
ဘာဖြစ်လဲ
ဒီတောင်အဆင်းမှာ
လေနီကြမ်းကို ခွင်းနိုင်ရင် ပြီးတာပဲ။

မီးခိုးဖြူ
(ကျွန်းမှ ပြန်လာသူမှ)

ငါသည် သူ့ကို ချစ်ခဲ့၏။
သူသည်လည်း ငါ့ကို ချစ်ကောင်းချစ်လိမ့်မည်
သို့သော် …

(သီချင်းစာသားထဲကလို …)

စိနေ္တမြတ်ထံ ဆုပန်သ…
ခုတစ်ဖန်ဘဝ မဆုံရသည်ရှိသော်…

ငါသည်သာ ပန်းဖြစ်၍
နောက်တစ်ကြိမ် ပြန်ပွင့်ခွင့်ရခဲ့သော်…

🌷 2019⭐⭐⭐⭐Feb12 🌷

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များOù les histoires vivent. Découvrez maintenant