၂။ ကြာတော့သည်လည်း မောင့်စကား

903 19 0
                                    


ကြာတော့သည်လည်း မောင့်စကား
ဂျူး

ကိုယ်လိုချင်တာ ဘာဆိုတာ သိရဲ့နဲ့ မြိုသိပ်ထားနိုင်ခဲ့တဲ့ ဖြိုးကျော်

အဲ့ဒီ ဖြိုးကျော်ဆိုတဲ့ကောင်က ကောက်ရိုးပုံစောင့်တဲ့ခွေး ပဲတဲ့
နန္ဒပြောစကားကို ကိုယ်ထောက်ခံမိတယ်။
ဘာလို့များ အဲ့လောက်ထိ မြိုသိပ်နိုင်လွန်းရတာလဲ။
ဇော်က သူ့ထက်ပညာအရည်ချင်းနိမ့်တဲ့လူကို မစဉ်းစားဘူးဆိုလို့လား
ဇော့်အကိုနဲ့ သူ့အမနဲ့ ယူထားလို့လား
သူ့ဘဝက နိမ့်ကျလို့ ဇော်ကို မခေါ်ရက်တာလား
ဖြိုးကျော်ကို နားမလည်ဘူး။

ကိုယ်လိုချင်တာ ဘာဆိုတာ သိလို့ မရ ရအောင်ယူခဲ့တဲ့ နန္ဒ

နန္ဒရဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးမှုကတော့ အမြင်ကပ်စရာကောင်းအောင်ကို လက်လန်ပါတယ်။
သူ့ရဲ့ ချစ်သူအပေါ် ဆက်ဆံတဲ့ ပုံစံကြီးကို မကြိုက်ဘူး။
ချစ်လို့ ချစ်တယ်ပြောရမှာ အဲ့လောက်တောင် ဝန်လေးနေသလား။
မာနကလည်း ကြီးလိုက်တာမှ ခေါင်ကိုခိုက် အေးပေါ့လေ အစစအရာရာ ပြည့်စုံသူဆိုတော့လည်း... 😑

ကိုယ်လိုချင်တာ ဘာမှန်း သေချာမသိခဲ့တဲ့ တင်တင်ဇော်

တင်တင်ဇော်ရဲ့အချစ်ဦးက ဖြိုးဖြစ်ပေမယ့် ဟိုက ဖွင့်မပြောတော့ခံစားနေရပြီး
နန္ဒရဲ့အထိတွေ့တွေထဲမှာ သာယာမိရင်း ချစ်မိသွားတယ် ထင်ပါတယ်။၂ယောက်စလုံးကို ချစ်တာလည်း ဖြစ်နိုင်ပါတယ်။
( အဲ့လိုတွေကို မုန်းတာ 😭)

ကိုယ်ကတော့ နန္ဒလိုမျိုး ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့လူကို မုန်းတယ်။ ကိုယ့်ချစ်ကြောင်းကိုတော့ မပြောပဲနဲ့ တဖက်လူက ကိုယ့်ကို အရမ်းချစ်နေပါတယ်လို့ အထင်မမှားသင့်ပါနော်။
အသွားရှိမှ အပြန်ဆိုတာ ရှိမှာပါ။

⭐⭐⭐⭐
ဂျူးရဲ့စာအုပ်ကို ပထမဆုံးအနေနဲ့ ဖတ်ဖူးတာဖြစ်ပြီး ဖတ်ကောင်းကောင်းနဲ့ တရက်တည်း အပြီးဖတ်ပစ်လိုက်တယ် 😎

Date - 2018 Dec 25

လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များWhere stories live. Discover now