သခင္​ [1]

39.7K 1.8K 117
                                    

With Unicode....

ခမ်​းနားကြီးကျယ်​လွန်​းလှတဲ့အိမ်​ကြီးတစ်​အိမ်​​ရှေ့သူဆိုက်ရောက်လာခဲ့သည်....။

လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည့်လိပ်စာလေးကို နောက်တစ်ကြိမ်ဖြန့်၍ကြည့်လိုက်မိသည်......။

သေချာပါသည်.....။

အတည်ပြုပြီးနောက်မှာတော့လူခေါ်ခေါင်းလောင်းခလုတ်လေးကိုသူဖိနှိပ်လိုက်တော့သည်.....။

"ဘယ်​သူပါလဲ"

အိမ်အတွင်းမှထွက်ပေါ်လာသည့်မိနိးကလေးတစ်ယောက်၏အသံ.....။

"Lee Min Seokရဲ့တူJeon Jung Kookပါ"

ဦး​ေ​လးပြောခိုင်​းထားသလို​ပင်လျင်မြန်စွာသူပြန်ဖြေလိုက်မိသည်......။

အိမ်မှန်နေရာမှန်ဖြစ်ပြီးအိမ်ထဲအမြန်ဝင်ရဖို့သာသူဆုတောင်းနေမိသည်မှာအမှန်.....။

တစ်ခါမှမရောက်ဖူးသည့်နေရာမို့ အိမ်ကိုရှာရသည်မှာသူအတော်ပင်ပန်းလှသည့်အတွက်ဗိုက်လည်းအမှန်တကယ်ဆာနေလေပြီ.....။

သူ့့ဘဝသည်ငယ်​ငယ်​​လေးထဲကအ​ဖေ​ရောအ​မေ​ရောမရှိ​တော့ဘဲအဖိုးနှင်​့သာ​နေခဲ့ရသည်​...။

Busanမြို့၏ တစ်ထောင့်တစ်နေရာ ကအိမ်ငယ်လေးတွင်အဖိုးနှင့်နှစ်ယောက်အတူ နေခဲ့ရသည့်ဘဝသည်မပြည့်စုံသော်လည်း အေးချမ်းလှသည်....။

သို့ပေမယ့် ကံကြမ္မာငင်လေတော့ မကြာသေးမီကပင် အဖိုးဖြစ်သူသည် လောကအလယ်တွင်သူ့ကိုတစ်ယောက်တည်းချန်ရစ်ကာ ထွက်သွားခဲ့ပြီးလေပြီ.....။

တစ်​​ယောက်​တည်​းခိုကိုးရာမဲ့ဖြစ်နေစဉ်မှာ တစ်ခါမှမတွေ့ဖူးခဲ့သည့်အမေ၏အစ်ကိုဖြစ်သူနှင့်အဆက်အသွယ်ရခဲ့ပြီးနောက်ဆုံးဖြတ်ချက်တစ်ခုချကာ ဦးလေးအလုပ်လုပ်နေသည်ဆိုသည့်နေရာကိုအရဲစွန့်၍လိုက်လာခဲ့ခြင်းဖြစ်လေသည်.....။

"ခဏ​လေး​စောင့်ပါ...."

"ဟုတ်ကဲ့ ခင်ဗျ..."

တစ်ခဏစောင့်ပြီးနောက်တွင်မျက်စိရှေ့ကခြံတံခါးသည်ချောက်ခနဲမြည်သံနှင့်အတူပွင့်လာခဲ့မို့ သူပျော်မိသွားသည်....။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now