သခင်​[24]

10.1K 945 48
                                    


မာန​တွေအားလုံးခဝါချ....
အမုန်း​တွေကိုမျက်​ကွယ်​ပြုရင်း....
သခင့်​ထံပါးဒူး​ထောက်​ခ,စားခဲ့သူမို့...
စာနာ​ထောက်​ထား​သောအားဖြင့်​...
အချစ်​များစွန့်​ကြဲလှည့်​ပါ....သခင်​......။

_____________သခင်​_______________

ဝင်​သက်​ထွက်​သက်​ပုံမှန်​​လေးဖြင့်​အိပ်​​မောကျ​နေသည့်​သူကိုJung Kook အိပ်​ရာ​ပေါ်လက်​​ထောက်​ပြီး တစိမ့်​စိမ့်ြ​ကည့်​​နေမိသည်​မှာ အတန်​ကြာ​လေပြီ....။

အချစ်​​တွေနှင့်​နိုးထလာရသည့်​မနက်​ခင်း​လေးတစ်​ခုသည်​Jung Kook ရင်​ထဲတွင်​အတိုင်းမသိ​အေးချမ်းမှုကိုခံစား​နေရ​စေသည်​.....။

ခွေ​ခွေ​လေးအိပ်​​ပျော်​​နေသည့်​သူ၏မျက်​နှာအစိတ်​အပိုင်းတစ်​ခုချင်းစီတိုင်းသည်​ Jung Kook အတွက်​ပြီးပြည့်​စုံမှု ကို​ဖော်​​ဆောင်​​နေသည်​......။

ကျွန်​​တော်​​တော့တကယ်​ဒုက္ခ​ရောက်​​နေပြီထင်​တယ်​....။

ကျွန်​​တော်​​ ခင်​ဗျားနဲ့ပတ်​သက်​ပြီး​ တကယ်​ကို​ဆေးမမှီ​တော့ဘူး နဲ့တူတယ်​ဗျာ.....။

ကြည့်​​နေရင်းနှင့်​အသည်းယားလာတာမို့က​လေး​သေး​သေး​လေး​တွေကိုနမ်းသလို မျက်​နှာတစ်​ပြင်​လုံး တမွတ်​မွတ်​နှင့်​ နမ်းပစ်​လိုက်​မိ​တော့သည်​.....။

"WTF!!....Jeon Jung Kook....​သေမလို့လား..."

သူ့လုပ်​ရပ်​​ကြောင့်​ အိပ်​ချင်​မူးတူးနှင့်​နိုးထလာပြီး အားရပါးရထဆဲ​လေ​တော့သည်​.....။

"Sorry....ကျွန်​​တော်​အသည်းယားသွားလို့...ပြန်​အိပ်​​လေ ဒီ​နေ့​ကျောင်းပိတ်​တယ်​ဟုတ်​လား...."

Jung Kookစကားကိုကြား​တော့ ဘာစကားမှပြန်​မ​ပြော မျက်​​ထောင့်​နီဖြင့်​စူးစိုက်​ကြည့်​ပြီး​ရေချိုးခန်းထဲထဝင်​သွား​လေ​တော့သည်​......။

ချစ်​လို့နမ်းမိတာအပြစ်​လားဗျာ.....။ လူကို ဆဲလည်းဆဲတယ်​ မျက်​​စောင်းလည်းထိုးသွား​သေးတယ်​.....။ ခင်​ဗျားကတကယ်​ လူဆိုး​လေးပဲ....လုံးဝကိုမ​ပြောင်းလဲတာ.....။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now