သခင်​ [3]

11.4K 1.1K 20
                                    

With Zawgyi....

Jung Kookအိပ်​ရာထဲဝင်​ပြီးအိပ်​ရန်​ပြင်​လိုက်​သည်​...။phကနာရီကိုကြည့်​လိုက်​​တော့မနက်​ 1နာရီပင်ထိုး​နေ​လေပြီ...။

အိပ်​​ပျော်​ခါနီး​လေးမှာပဲphကဝင်​လာခဲ့သည်​....မထချင်​​တော့ပါ..တကယ်​ကိုပင်​ပန်း​နေပြီ...။

အားမရှိသည့်လက်တွေနှင့်ဖုန်းကိုကိုင်ကာဖြေလိုက်မိသည်.....။

"ဟုတ်​..."

"Jeon Jung Kook​ရေတစ်​ခွက်​ခပ်​ပြီးအခန်းထဲလာပို့.."

ဟုတ်​ကဲ့​လေး​တောင်​မပြီးလိုက်​​ရဘဲတစ်​ဖက်​ကအသံ...။တစ်​​နေကုန်​နှိပ်​စက်​လို့မဝ​သေးဟန်​တူသည်​...။ကိုယ်​သည်းမခံနိုင်​​တော့ဘဲအလုပ်​ထွက်​သွား​အောင်​သူလုပ်​​နေတာ...။

နည်းလမ်းမျိုးစုံနှင့်​ကိုယ့်​ကိုပညာပြသည်​...။မိုးလင်းကမိုးချုပ်​ယားလို့ပင်​မကုတ်​နိုင်​​အောင်​ခိုင်းသည်​..။

သူထမင်းစားလျှင်​​ဘေးမှာ​မတ်​တပ်​ရပ်​​စောင့်​​နေရသည်​...အပြင်​သွားပြီးဆိုင်​မှာစားလျှင်​​တောင်​ကိုယ်​ကမတ်​တပ်​ရပ်​​နေရသည်​....။

လူကြားထဲလည်းမထင်​ရင်​မထင်​သလို​အော်​​ငေါက်​တတ်​သည်​...။တစ်​​နေကုန်​သူသွားချင်​တဲ့​နေရာ​တွေလိုက်​ပို့ရင်းစိတ်​​ပေါက်​ရင်​​ပေါက်​သလိုကိုယ့်​ကိုလမ်းတစ်​ဝက်​မှာကား​ပေါ်က​မောင်းချပစ်​တာလည်းအခါခါ...။

အပြစ်​မရှိအပြစ်​ရှာပြီး​တော့လည်းကြံဖန်​အပြစ်​​ပေးတတ်​ပြန်​သည်​....။ရေထဲစိမ်​​နေခိုင်းတာ..​နေပူထဲရပ်​​နေခိုင်းတာမျိုးက​တော့Jeon Jung Kookတို့အတွက်​ရိုးအီ​နေပါပီ...ကိုယ်​ထိလက်​​ရောက်​​တော့မလုပ်​...

မင်းကို​ကောင်​ကိုထိရမှာလက်​သနလို့တဲ့​လေ......ခင်​ဗျားနဲ့​တွေ့မှကျုပ်​ဘဝကအနူထက်​​တောင်​ဆိုး​နေပီလား..သခင်​...

မိဘပိုက်​ဆံထိုင်​ဖြုန်း​နေပြီးရည်းစား​တွေထည်​လဲတွဲ....ဖြတ်​ချင်​ရင်​​တော့သူကိုယ်​တိုင်​မသွား...ကိုယ့့်​ကိုလွှတ်​​လေရဲ့....

သူ့​ကြောင့်​ကိုယ့်​မှာမိန်းမ​တွေဆီကပါးရိုက်​ခံရတာလည်းမ​ရေမတွက်​နိုင်​​အောင်​....

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now