Confession

7.1K 809 52
                                    


အချစ်​......။

အတ္တထက်​လည်းအင်​အားကြီးတယ်​....။

မာနကိုလည်းအနိုင်​ယူတယ်​.....။

အမုန်း​တွေကိုလည်း ​မှေးမှိန်​ကွယ်​​ပျောက်​​စေတယ်​....။

အမုန်းနတ်​ဆိုး သည်​အနှီစစ်​​မြေပြင်​ဝယ်​ အား မတန်​၍မာန်​​လျှော့ခဲ့ရ​လေပြီ....။

အနိုင်​ယူလှည့်​ပါ​တော့....အချစ်​ဘုရားငယ်​.....။

_____________သခင်​_______________

လက်​ဖျံထက်​မှစပ်​ဖျင်းဖျင်းနာကျင်​မှုနဲ့ထပ်​တူ စီးကျလာတဲ့မျက်​ရည်​​တွေ......။

ခဏ​လေးပဲTae Hyung.....။ ခဏ​လေးပဲ​အောင့်​ထားလိုက်​.....။

ဒါပြီးရင်​.....ခဏ​လေးကြာရင်​ .....နာကျင်​မှု​တွေ​ပျောက်​ကွယ်​သွား​တော့မှာ.....။

အရာရာအားလုံးနဲ့​ဝေးရာကိုထွက်​သွားနိုင်​​တော့မှာ.....။

အေးချမ်းသွား​တော့မှာပါ Tae Hyung......။

_____________သခင်​_______________

KIM TAE HYUNG!!!

မြင်​လိုက်​ရသည့်​ မြင်​ကွင်း​ကြောင့်​Jung Kook ကမ္ဘာကြီးတစ်​ခုလုံး ပျက်​သုဉ်းသွားသလို ခံစားလိုက်​ရသည်​......။

ဘယ်​​သောအခါကမှ မထင်​မှတ်​ခဲ့ဖူးသည့်​....ဒီလိုလုပ်​ရပ်​မျိုးကို ......။

"​တော်​​တော့.!!..."

အသိစိတ်​မဲ့စွာ လက်​ဖျံ​သွေး​ကြော​တွေထက်​ အမွှန်းရာများဖန်​တီး​နေသည့်​ Tae Hyungကို အရူးတစ်​​ယောက်​ပမာ​ပြေးဖက်​လိုက်​မိသည်​......။

"​တော်​ပါ​တော့.....ကျွန်​​တော်​အရှုံး​ပေးပါတယ်​....ဒါ​ကြောင့်​မို့ ​တော်​ပါ​တော့...."

"ကျွန်​​တော်​....ခင်​ဗျားကိုချစ်​တယ်​...."

"ရူး​လောက်​​အောင်​ကိုချစ်​တယ်​....."

"​သေမတတ်​ကိုချစ်​တယ်​...."

"ကျွန်​​တော့်​အနားမှာ ခင်​ဗျားတစ်​စက္ကန့်​​လောက်​​လေးမရှိရင်​​တောင်​ မ​နေတတ်​​လောက်​တဲ့ခင်​ဗျားကိုချစ်​တယ်​...."

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now