သခင်​ [7]

10.7K 1.1K 38
                                    

With Zawgyi

"Kim Tae Hyung...ခင်​ဗျား​ဖျော်​ထားတဲ့coffeeခင်​ဗျားပြန်​​သောက်​ကြည့်​စမ်း..."

ထမင်းစားပွဲတွင်​ထိုင်​ကာမနက်​စာအဖြစ်​ပြင်​ခိုင်းထားသည့်​coffeeကိုတစ်​ငုံ​သောက်​အပြီးမှာအရသာ​ကြောင့်​Jung Kook​ဒေါသထွက်​မိသွားသည်​....။

"...."

"​သောက်​​လေ..."

Tae Hyungတစ်​ငုံ​သောက်​ကြည့်​လိုက်​သည်​...။ အရသာကထင်​မိသလိုဆိုးမ​နေပါ...။

"ဘာဖြစ်​လို့လဲ..."

"ဘာလို့သကြား​တွေထည့်​ထားတာလဲ...ညကကျုပ်​​ပေးထားတဲ့စာအုပ်​ကိုခင်​ဗျားမဖတ်​ဘူးလား...ကျုပ်​ကြိုက်​တဲ့ဟာ​တွေမကြိုက်​တဲ့ဟာ​တွေအကုန်​လုံးကိုခင်​ဗျားသိထားရမယ်​လို့​ပြောထားတယ်​​လေ...​ကော်​ဖီကိုကျုပ်​ကခါးမှ​သောက်​တယ်​..."

ချိုမြိန်​ခြင်းမရှိတဲ့ကျုပ်​ဘ၀မှာအချို​တွေကိုမနှစ်​မြို့ဘူး....။

ခင်​ဗျားကိုမုန်းတဲ့စိတ်​နဲ့နာကျည်းမိတိုင်းမှာ​ကော်​ဖီခါးခါး​တွေကဓားစာခံဖြစ်​ခဲ့ရတယ်​....။

Jung Kook​မေ့​လျော့​နေခဲ့တာက​သောက်​ဖန်​များလာပြီးထိုcoffeeခါးခါးကိုမ​သောက်​ရမ​နေနိုင်​​အောင်​စွဲလန်း​နေမိတယ်​ဆိုတာကို....။

"Sorry...ငါပြန်​ပြင်​​ပေးမယ်​...."

"Kim Tae Hyung!!!"

ခွမ်း....။

ကော်​ဖီခွက်​ကိုင်​ပြီးလှည့်​ထွက်​သွားသူကိုJung Kookကြမ်းတမ်းစွာဆွဲလှည့်​လိုက်​သည်​မို့လက်​ထဲကခွက်​လွင့်​ထွက်​ပြီးကျကွဲသွား​လေသည်​....။

"ခင်​ဗျားဒါဘာလုပ်​တာလဲ...."

"......"

Jung Kookရဲ့စကား​တွေကိုမတုံ့ပြန်​ဘဲစူးရဲစွာပြန်​ကြည့်​​နေ​သောသူ....။

"အမှားလုပ်​ထားမဟုတ်​ဘူးလား....​တောင်းပန်​​လေ...ကျုပ်​အလှည့်​တုန်းကလုပ်​ခဲ့သလိုဒူး​ထောက်​မတတ်​ခင်​ဗျား​တောင်းပန်​ရမယ်​Kim Tae Hyung....."

"Jeon Jung Kook....ငါမင်းကိုတစ်​ခု​ပြောထားချင်​တယ်​....ငါ.....ဘယ်​​တော့မှမလုပ်​ဘူး...."

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now