သခင်​ [4]

10.9K 1.2K 35
                                    

With Zawgyi.....

"အား....ကျွတ်​..ကျွတ်​..."

အိပ်​ရာနိုးနိုးချင်း​ခေါင်း​တွေအရမ်းထိုးကိုက်​တက်​လာတာမို့ညည်းမိလိုက်​သည်​....။မျက်​လုံးများကလည်းရုတ်​တရက်​ဖွင့်​မရ​သေး.....။ဘာဖြစ်​​နေတာလဲ.....။

ညကသခင့်​ကိုထိုင်​​စောင့်​​နေတုန်းလူတစ်​​ယောက်​ကစကားလာ​ပြော​နေသည်​မို့မ​ကောင်းတတ်​တာနဲ့ပြန်​ပြီး​ပြော​နေလိုက်​သည်​....။

မိတ်​ဖြစ်​​ဆွေဖြစ်​တစ်​ခွက်​​လောက်​​သောက်​ကြမယ်​​ပြောပြီးအတင်းတိုက်​​နေသည့်​အတွက်​ဘယ်​လိုမှငြင်းမရဘဲ​အရက်​တစ်​ခွက်​​သောက်​လိုက်​ရသည်​....။

တစ်​ခွက်​တည်း​မို့မမူးဘူးထင်​​ပေမယ့်​​သောက်​ပြီးတာနဲ့အ​တော်​​လေးမူးသွားသည်​..။ခေါင်းပင်​မ​ထောင်​နိုင်​​တော့သည့်​အတွက်​စားပွဲ​ပေါ်​ခေါင်း​မှောက်​သွားခဲ့သည်​...။ဟိုလူဘယ်​အချိန်​ကပြန်​သွားလည်းဆိုတာလဲမသိ​တော့....။

အခန်းထဲဘယ်​လိုပြန်​​ရောက်​လာလည်းဆိုတာလည်းစဉ်းစားမရ......။အိပ်​​နေရင်းနိုးလာ​တော့
ထူးဆန်းတဲ့ခံစားချက်​ကြီးတစ်​ခုဖြစ်​​နေခဲ့တာ....ခန္ဓာကိုယ်​ကတစ်​ခုခုလို​နေသလို....အရမ်းကိုပူ​လောင်​​နေတာမို့ကြိတ်​မှိတ်​သည်းခံ​နေတုန်းမှာပဲရလိုက်​တဲ့ကိုယ်​သင်းနံ့နဲ့​ရော​နေတဲ့နှင်းဆီ​ရေ​မွှေးအနံ့တစ်​ခု.....။ပြီး​တော့မြင်​လိုက်​ရတဲ့မျက်​နှာ​ချော​ချော....ပြီး​တော့....ပြီး​တော့.............

အလန့်​တကြားနှင့်​မျက်​လုံးကိုဖွင့်​လိုက်​မိသည်​....။ဘာ​တွေလဲ....။ဘေးကိုမဝံ့မရဲလှည့်​ကြည့်​မိ​တော့ညတုန်းကမြင်​လိုက်​ရတဲ့မျက်​နှာ​ချော​ချော...တစ်​နည်းအားဖြင့်​.........သခင်​....။

အသူရာ​ချောက်​နက်​ထဲပြုတ်​ကျသွားသလိုခံစားလိုက်​ရသည်​..။နှလုံးခုန်​ရပ်​မတတ်​​သွေး​ဆောင့်​တက်​သွားမိသည်​....။

ဒါ​တွေတကယ်​ပဲလား...ငါတကယ်​ပဲသခင့်​ကို.......

မယုံနိုင်​​သေးတာမို့အိပ်​​မောကျ​နေတဲ့မျက်​နှာကိုတုန်​ယင်​​နေတဲ့လက်​​တွေနဲ့ထိကိုင်​လိုက်​မိချိန်​မှာပဲပွင့်​လာတဲ့မျက်​ဝန်းတစ်​စုံ...။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now