သခင်​ [20]
9.4K 963 31
With Zawgyi....
အကြင်​သူသိပါ​လေစ.....
ရူးမိုက်​လွန်းတဲ့အမုန်းနတ်​ဆိုးနဲ့ ချစ်​ခြင်းနတ်​ဘုရားတို့ရဲ့စီးချင်းထိုးတဲ့စစ်​​မြေပြင်​မှာ....
မုန်းပါရ​စေ​တော့.....ကျွန်​​တော့်​ရဲ့အရှင်​သခင်​......။
______________သခင်​_______________
တဟုန်​ထိုး​ပြေးထွက်​သွားသူ​နောက်​ကိုJung Kook လိုက်​​ပေမယ့်​ မမှီ​တော့​ပေ.......။
စား​သောက်​​ဆိုင်​​လေးထဲတွင်​အရိပ်​ပင်​ရှာမရ​တော့.....။
တောက်​!! ​သေစမ်းJeon Jung Kook.....။
ရူး​နေပြီ...။ အမှန်​တကယ်​ကိုရူး​နေပြီ....။
အမြဲတမ်းအကြမ်းဖက်​​နေသည့်​ဆို​ပေမယ့်​ ဒီတစ်​ကြိမ်​က​တော့အမှန်​တကယ်​ပင်​လွန်​သွားမိခဲ့သည်​.....။
ပြီး​တော့ ဒီအ​ခြေအ​နေက လူသူမသိတဲ့အိမ်​မှာလည်းမဟုတ်​....။
ရင်​ဘတ်​ထဲက တင်းကြပ်​လာတဲ့ဆို့နင့်​မှု​တွေကို ​ဖြေ​ဖျောက်​ရန်​အလို့ငှါ ဆံပင်​​တွေကိုဆွဲရင်း လမ်းမထက်​ ကုန်း​အော်​ပစ်​လိုက်​မိသည်​.....။
ကွက်​ကြည့်​ကွက်​ကြည့်​ လူ​တွေကိုဂရုမစိုက်​အား.....။
စား​သောက်​ဆိုင်​ထဲပန်​​ပြေးဝင်​ကာ Toilet ခဏဝင်​မည်​​ပြောပြီး ထားခဲ့တဲ့ လုပ်​ငန်းပါတနာကို ​တောင်းပန်​စကားခပ်​​သော့​သော့ ​ပြောလိုက်​သည်​......။ ဒီ​နေ့အတွက်​ အလုပ်​ကိစ္စ​တွေ​ပြောဖို့ဆိုတာမဖြစ်​နိုင်​​တော့.....။
ကားကိုဒုန်းဆိုင်း​မောင်းပြီး အိမ်​သို့ဦးတည်​ပြီးပြန်​လာခဲ့​တော့သည်​.....။
"Kim Tae Hyung...."
အော်​​ခေါ်လိုက်​​ပေမယ့်​ အပ်​ကျသံပင်​မကြားရ​လောက်​​အောင်​ တိတ်​ဆိတ်​​နေသည့်​အိမ်​ကြီးက သူ့ကိုဟားတိုက်​ရယ်​​မော​နေဟန်​......။
ဟာကွာ...ဘယ်​​တွေသွား​နေတာလဲ.....။
တစ်​ဆိတ်​ ....Kim Tae Hyung.....အခုခင်​ဗျားကိုကျွန်​​တော်​စိတ်​ပူ​နေပြန်​ပြီထင်​တယ်​.....။
အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now