Extra

10.4K 791 53
                                    

With Unicode

ဂျိန်း!!!!

ကျယ်လောင်သောတံခါးပိတ်သံနဲ့အတူ မျက်လုံးထဲစူးဝင်လာတဲ့နေရောင်အချို့ကြောင့် မျက်မှောက်ကျုံ့ရင်း နေရောင်တွေကိုခဏတာလက်နဲ့ကာထားလိုက်မိသည်။

အဆင်ပြေလောက်ရှိမှ တိမ်ကင်းစင်နေသော ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်းသူပြုံးမိသည်။ လွတ်လပ်မှုရဲ့အရသာကိုမခံစားရတာ သုံးနှစ်တောင်ရှိခဲ့ပြီပဲ ။

ကောင်းကင်ပြာကိုမော့ကြည့်ရတာက ဒီလောက်‌တောင် ပျော်ဖို့ကောင်းတာလား။

ဖြစ်နိုင်တာကတော့ ကောင်းကင်ထက်မှာမြင်နေရတဲ့ သူပုံဖော်ထားတဲ့ အပြုံးနုနုကြောင့်ထင်သည်။

ကျွန်တော့်ကို သတိရသေးရဲ့လား။ ကျွန်တော်ကတော့တစ်ရက်မလပ်ရအောင်လွမ်းဆွတ်နေခဲ့ရတာပါခင်ဗျားရယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သတ်မှတ်ရက်ထပ်စောပြီးထွက်လာခဲ့ရတာမို့ သူထောင်ကထွက်ရက်ကို Kim Tae Hyungမသိပါ။

ထွက်ခါနီးရက်တွေမှာလည်း Tae Hyungတစ်ယောက်သူ့ကိုလာမတွေ့ခဲ့။

Jung Kookစိတ်တွေအရမ်းလှုပ်ရှားနေမိသည်။ သူ့ကိုတွေ့ရင် Tae Hyungဘယ်လိုတုံ့ပြန်မလဲ သူမတွေးရဲ ။ သုံးနှစ်တိတိအနေဝေးနေခဲ့တာမို့ သွေးအေးသွားမလား။ မဟုတ်သေးဘူး မခွဲခင်ထဲက ချစ်နေတာမှမဟုတ်တာပဲလေ။

သို့သော်လည်း သူမမှုတော့ပါ ။ အခုကျွန်တော့်ဘဝရဲ့အကြီးမားဆုံးရည်မှန်းချက်က ခင်ဗျားကျွန်တော့်ကိုပြန်ချစ်လာဖို့ပဲ ခင်ဗျားသိလား။

သုညကနေပြန်စရရင်စရပါစေ။ ကျွန်တော်လက်မလျှော့တော့ဘူး။ ရည်မှန်းချက်တွေတစ်ပွေ့တစ်ပိုက်နဲ့ ခင်ဗျားဆီကို ကျွန်တော်ပြန်လာခဲ့ပြီ ။

စောင့်နေနော် ။

________________________________________________________

ညနေခင်းလေအေးအေးကြောင့် ကိုက်ခဲနေသည့်ခေါင်းများနည်းနည်းကြည်လင်သွားသလိုပင်။

Companyရဲ့ခေါင်မိုးထပ်တွင်သူရပ်နေခဲ့သည်မှာအတန်ငယ်ကြာနေခဲ့ပြီ

Taehyungအတွက် ဒီနေ့သည် အလွန့်အလွန်မှ အလုပ်ရှုပ်စိတ်ရှုပ်တဲ့နေ့လို့ပြောရမည်။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Opowieści tętniące życiem. Odkryj je teraz