သခင်​[11]

10.2K 1K 7
                                    


With Zawgyi....

"အချစ်​အဲ့ဒီသတို့သမီးဂါဝန်​ကိုမ၀တ်​ချင်​ရင်​....ကိုယ့်​ကိုအခုနမ်း....အဲ့ဒါဆိုအချစ်​မ၀တ်​ချင်​တာကိုမ​ပေးဝတ်​​တော့ဘူး...."

Tae Hyungရဲ့နားအနားကပ်​ကာနှစ်​ကိုယ်​ကြား ကြားရုံ​လေသံဖြင့်​Jung Kook​ပြောလိုက်​ပြီး

အ​နောက်​သို့​ခြေနှစ်​လှမ်းပြန်​ဆုတ်​ကာလက်​ပိုက်​ကြည့်​​နေလိုက်​သည်​.....။

မိနစ်​အနည်းငယ်​မျှနှစ်​ဦးကြားငြိမ်​သက်​လျက်​.....။

အ​နောက်​နားက၀န်​ထမ်းနှစ်​ဦးကလည်းအ​ခြေအ​နေကိုနားမလည်​နိုင်​စွာတွတ်​ထိုး​နေကြသည်​.....။

Jung Kookနာရီကိုတစ်​ချက်​ငုံ့ကြည့်​ကာသက်​ပြင်းဖွဖွချလိုက်​ရင်းက

"ဒါဆို....​စောနက​ပြောတဲ့ဂါဝန်​​လေးပဲ......"

ဟယ်​!!!

ဝန်​ထမ်း​တွေဘက်​လှည့်​ကာစကား​ပြော​နေသည့်​Jung Kookရဲ့အင်္ကျီ​ကော်​လံကိုဆွဲချလာသည့်​လက်​တစ်​စုံနဲ့အတူထပ်​တူကျသွားတဲ့နှုတ်​ခမ်း​တွေ.....။

မျက်​စိ​ရှေ့တွင်​မြင်​​နေရသည့်​မျက်​​တောင်​​ကော့​တွေဝန်းရံထားသည့်​ကြယ်​​ရောင်​​တောက်​မျက်​၀န်း​တွေကိုရင်​မဆိုင်​ရဲစွာမျက်​လုံးအစုံကိုမှိတ်​ချလိုက်​မိသည်​......။

နှုတ်​ခမ်းထက်​မှာခံစား​နေရသည့်​ဝိုင်​တစ်​ခွက်​ပမာစွဲမက်​ဖွယ်​အထိအ​တွေ့​တွေကိုမကျရှုံးမိရန်​အလို့ငှါလက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားမိခဲ့သည်​.......။

ယစ်​ယူးဖွယ်​ရာ​ကောင်းတဲ့သူ့ရဲ့ကိုယ်​သင်းနံ့​တွေကိုမရှုရှိုက်​မိ​အောင်​အသက်​​အောင့်​ထားမိခဲ့သည်​.....။

ထိုနှုတ်​ခမ်း​တွေကိုမတုံ့ပြန်​မိ​အောင်​ထိန်းချုပ်​ရသည်​မှာခက်​ခဲလွန်းလှ​လေသည်​......။

တုံ့ပြန်​မှုမရှိတဲ့တစ်​ဖက်​သတ်​အနမ်းအဆုံးမှာ​တော့ထိုသူရဲ့ပါးပြင်​နုနုထက်​မှာခစား​နေတဲ့အရည်​ကြည်​တစ်​စက်​ကိုခပ်​ဖွဖွသုတ်​ဖယ်​​ပေးလိုက်​မိသည်​......။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now