သခင်​[8]

10.3K 1.1K 26
                                    


With Zawgyi....

စား​သောက်​ဆိုင်​ထဲဝင်​၍ထိုင်​ခုံ​နေရာရှာ​နေ​သောTae HyungကိုJung Kookအ​နောက်​မှ​နေ၍မျက်​နှာချင်းဆိုင်​ဆွဲလှည့်​လိုက်​သည်​....။

၎င်း​နောက်​မှာ​တော့ခါးမှဆွဲဖက်​ကာရင်​ဘတ်​ချင်းအပ်​လိုက်​ရင်းကအ​ရောင်​တင်​စရာမလို​အောင်​ချယ်​ရီ​ရောင်​သမ်း​နေသည်​နှုတ်​ခမ်းလွှာပါးပါးကိုစုပ်​ယူနမ်းရှိုက်​လိုက်​​လေသည်​....။

အ​ဖြစ်​အပျက်​တို့သည်​လွန်​စွာမှမြန်​ဆန်​လွန်းလှသည်​....။
ထိုသို့​သောအ​ခြေအ​နေမျိုးကို​ယောင်​လို့​တောင်​မှစိတ်​မကူးဖူးသည်​မို့Tae Hyungရုတ်​တရက်​အသိစိတ်​​ပျောက်​သွားသည်​....။

စား​သောက်​ဆိုင်​ထဲတွင်​လူကျ​နေသည်​မဆိုသာ​ပေမယ့်​breakfastစား​နေသည့်​သူများက​တော့အနည်းနှင့်​အများရှိ​နေ​လေသည်​....။

စား​သောက်​ဆိုင်​ထဲတွင်​ရှိ​နေ​သောမျက်​လုံးများအားလုံးကအနမ်း​ခြွေ​နေ​သောသူတို့နှစ်​​ယောက်​တွင်​သာစုပြုံလျက်​....။

Tae Hyungအသိစိတ်​ပြန်​ကပ်​လိုက်​ရင်းကလက်​နှစ်​ဖက်​နဲ့Jung Kookရင်​ဘတ်​ကိုတွန်းရင်းရုန်းကန်​လိုက်​သည်​....။

သို့​သော်​အချည်းနှီးသာ....။ ခါး​ပေါ်ကလက်​​တွေကိုပိုပြီးတင်းကျပ်​လိုက်​ကာအနမ်း​တွေကိုအရှိန်​မြှင့်​လိုက်​​သောJung Kook....။

တစ်​မိနစ်​..နှစ်​မိနစ်​...သုံးမိနစ်​...

မုန်းတဲ့စိတ်​အနိုင်​လိုချင်​စိတ်​သပ်​သပ်​နှင့်​Jung Kookလူပုံအလယ်​မှာထိုနှုတ်​ခမ်းအစုံကိုသိမ်းပိုက်​လိုက်​​ပေမယ့်​ဝန်​မခံချင်​ဘဲဝန်​ခံရမယ့်​အမှန်​တရားကချိုမြိန်​လွန်းလှသည်​...။

ဟုတ်​သည်​....။ အမုန်းတို့ရဲ့သခင်​ပိုင်​ဆိုင်​တဲ့နှုတ်​ခမ်း​တွေဆိုတာသိရက်​နှင့်​Jung Kook​ပျော်​၀င်​မိသွားသည်​...။

သူ့ရဲ့နှုတ်​ခမ်း​တွေကိုထိမိလိုက်​တဲ့အခိုက်​အတန့်​မှာအမုန်းတို့ခဏတာရပ်​တန့်​သည်​....။

မက်​​မောတွယ်​တာမှု​တွေခ​ညောင်းသည်​....။

ဘေးကလူ​တွေ..ပတ်​၀န်းကျင်​​တွေ...အသံ​တွေ...အရာအားလုံးကို​မေ့​လျော့ကာသူ့ကမ္ဘာတွင်​ထိုနတ်​ဆိုးတစ်​ဦးတည်းသာအသက်​၀င်​​လေသည်​....။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now