သခင်​[13]

10.2K 1.1K 38
                                    

With Zawgyi....

အင်​အားချင်းမမျှတဲ့ပြိုင်​ပွဲတစ်​ခုကိုစတင်​စိန်​​ခေါ်ခဲ့မိသည်
အရှုံးဘက်​ကိုဦးတည်​​နေခဲ့တဲ့ပြိုင်​ပွဲရဲ့ရလဒ်​ကိုသိ​နေခဲ့တာ​တောင်​​မသိကျိုးကျွံပြုရင်း​ရှေ့ဆက်​တိုးဖို့ကြိုးစား​နေမိတဲ့အ​ကြောင်းပြချက်​ကခင်​ဗျားကိုမုန်းလို့.......။

________သခင်​_________


အိပ်​ရာမှနိုးနိုးချင်းထဲက ရင်​ခွင်​ထဲမှာ​မှေးစက်​​နေတဲ့ ထိုသူကို ​ငေးကြည့်​​နေခဲ့မိသည်​....။

ဘာ​ကြောင့်​လဲဆိုတဲ့အ​ကြောင်းပြချက်​​တွေကိုJung Kookမသိလိုပါ....။

မျက်​ကွင်းညိုညို​တွေကထိုသူရဲ့အိပ်​​ရေး​တွေပျက်​ထား​ကြောင်းကိုအထင်​အရှားပြသ​နေသ​ယောင်​....။

ဘယ်​နှစ်​နှစ်​ဘယ်​နှစ်​လက မအိပ်​ထားခဲ့သည်​များကိုအတိုးချအိပ်​​နေသည်​မသိ တစ်​ချက်​တစ်​ချက်​​ဟောက်​သံ​လေး​တွေပင်​ထွက်​လာ​သေးသည်​.....။

ဘာ​ကြောင့်​များကျွန်​​တော့်​ရင်​ခွင်​ထဲမှာနှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​နေနိုင်​တာလဲ.....။

ခင်​ဗျားအတွက်​အမုန်း​တွေပဲပြည့်​​နေတဲ့ကျွန်​​တော့်​ရင်​ခွင်​ထဲမှာ အပြစ်​ကင်းသူတစ်​​ယောက်​လိုအိပ်​​နေတဲ့ခင်​ဗျားကို​ရော ကျွန်​​တော်​ကဘာ​ကြောင့်​များ​ငေး​မော​နေမိတာလဲ...။

ဒီ​မေးခွန်း​တွေရဲ့အ​ဖြေကိုမသိရ​သေးခင်​ ကျွန်​​တော်​တကယ်​ရူးသွား​တော့မယ်​ ထင်​တယ်​....။

ဖွင့်​ထားတဲ့ပြတင်း​ပေါက်​မှတစ်​ဆင့်​တိုးဝင်​လာတဲ့အလင်း​ရောင်​နုနုကမျက်​နှာ​ပေါ်ဖြန့်​ကျက်​​တော့တွန့်​ချိုးသွားတဲ့ဇင်​​ယော်​​တောင်​မျက်​ခုံး​တွေနဲ့အတူ..အနည်းငယ်​လူးလွန့်​သွားတဲ့ကိုယ်​​လေး​ကြောင့်​ မျက်​လုံးကိုအလျင်​အမြန်​မှိတ်​လိုက်​မိသည်​....။

ဟာသပဲJeon Jung Kook...။ ခိုးကြည့်​တာလူမိသွား​တော့မယ့်​ပုံစံ​ပေါက်​မှန်းမသိ​ပေါက်​​နေ​လေပြီ....။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now