Ep-1 ( Come back to sth )

5.7K 237 6
                                    

"Omma........omma........"

"Wae?.......သား​လေးဘာဖြစ်​လို့လဲ....."

"ဒီမှာ သားသား​နေရာမဖယ်​​ပေးဘူး....."

နှုတ်ခမ်းလေးဆူပြီးအတိုင်အတောထူနေတဲ့ သားဖြစ်သူကို ကြည့်ကာပြုံးမိသွားသည်။

"ဪ.....သားရယ်​.....​ဘေးမှာခုံ​တွေလွတ်​​နေတာပဲ အဲ့မှာထိုင်​လိုက်​​လေ....."

"မရဘူး.....မရဘူး.....သားသားအ​စောကထိုင်​ခဲ့တဲ့​နေရာမှာပဲထိုင်​မှာ......"

အော်... ဇွတ်။ သားငယ်တို့ကတော့ လုပ်ပြီ။

"သားငယ်​.....အဲ့​လောက်​မဆိုးရဘူး​လေ ကြည့်ပါဦး သမီး​လေးကချစ်​စရာ​လေး.....aigoo.....သမီးနာမည်​ဘယ်​လို​ခေါ်လဲ....."

သားဘေးက ပါးဖောင်းဖောင်းလေးနဲ့ ဝကစ်ကစ်ကလေးမလေးကို ကြည့်ကာမေးလိုက်တော့ မျက်နှာရွှင်တဲ့ခလေးပီပီ ပြုံးပြကာ နှုတ်ဆက်လာသည်။

"အညာစဆ​ရော်​......Park Ji Min mida...."

ချစ်စရာကလေးလေးရဲ့ နှုတ်ဆက်သံကိုကြားပြီးနောက် အသဲတွေယားကာ အချစ်ပိုမိသည်။ သမီးလေးလိုချင်တဲ့သူမက ဒီကလေးမလေးကိုမြင်မိတော့ အပိုင်လိုချင်စိတ်တွေတဖွားဖွား။

"Aigooo.....လိမ္မာလိုက်​တာ.....သမီးမိဘ​တွေနဲ့လာတာလား"

"arnyi.....ဖွားဖွားနဲ့ပါ....."

"jiji.....သမီး​လေး...."

"Ohw.....ဖွားဖွားလာပြီ....."

"anyrsayaw.......ji min ​လေးအဖွားလား...."

"ဖွားဖွား......ဒီအန်​တီကသမီးကိုချိုချဉ်​​ကျွေးတယ်​....."

"​ကျေးဇူးပါပဲကွယ်​.....ဟိုဘက်​မှာလူ​တွေရှုပ်​​နေလို့ ဒီနားခဏထားခဲ့တာ.....​ပျောက်​သွားမှာစိုးရိမ်​​နေတာ"

ကလေးမလေး အဖွားဖြစ်သူက ဖော်ဖော်ရွေရွေနှုတ်ဆက်လာပြီး သားငယ်လေးနဲ့ကစားနေတဲ့ သူမမြေးလေးကို သဘောကျနေဟန် ခေါင်းတညိတ်ညိတ်နဲ့။

"nae.....armonyi တို့ကဘယ်​သွားကြမှာလဲ"

"က​လေး​ကို​နွေရာသီအားလပ်​ရက်​ ဂျယ်​ဂျူ ကိုလိုက်​ပို့မလို့​လေ.....​မြေး​လေးကပင်​လယ်​ဆိုအရမ်းသ​ဘောကျတာ..."

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now