Ep-29

993 98 0
                                    


♥Unicode♥

Dining room ထဲကော်ဖီထိုင်သောက်နေပေမယ့် စိတ်က​ ညက club မှာတွေ့ခဲ့တဲ့မိန်းမဆီသာ....

ချောလိုက်တာ.... အတော်လေးချောတဲ့မိန်းကလေး.... သူနဲ့ယှဥ်ရင် ငါဆိုတာမှေးမှိန်သွားသလို....

ပြည့်အိုင်လာတဲ့မျက်ရည်တွေကိုစီးဆင်းခွင့်မပေး ပုတ်ခတ်ကာဖယ်ထုတ်ပစ်သည်။

ငါကဘာလို့ငိုနေရမှာ.... ဘာအတွက်မျက်ရည်ကျရမှာလဲ.... ယောက်ျားတစ်ယောက်အတွက်လား.... ဒါမှမဟုတ်​ အဲ့ဒီ့မိန်းမကြောင့်လား... ဟင့်​အင်း.... ဘာလို့မျက်ရည်ကျရမှာလဲ ငါ့ပါးပေါ်နင့်ကိုစီးဆင်းခွင့်မပြုဘူး.... ငါကစိတ်ပျော့တဲ့သူမှမဟုတ်တာ ဒီလောက်လေးနဲ့ မခံစားရဘူး...

ခေါင်းရမ်းကာ ဇွတ်ငြင်းဆန်နေမိပေမယ့် နှလုံးသားကာဆစ်ခနဲ နာကျင်ရပြန်သည်။ ဘာကဒီလောက်ထိဝမ်းနည်းစေတာလဲ အဖြေတော့ရှာမတွေ့.... ။

Oppa... ကငါ့ကိုမချစ်တော့ဘူးနဲ့တူပါတယ်။ အဟင်း.... နင်ရူးလိုက်တာ သူကဘယ်တုန်းကချစ်တယ်တစ်ခွန်းပြောဖူးလို့လဲ​။ မျှော်လင့်နေ။ Park Ji​Min​ နင်ဟာလေ​ တော်တော်ရူး။ ဟိုက​ ဆန္ဒ​မပါဘဲလက်ထပ်ရလို့မုန်းချင်မုန်းနေမှာ။

ညကတွေ့ခဲ့တာသူ့ကောင်မလေးထင်ပါရဲ့။ ဘာလို့လဲ.... ဘာလို့အစကတည်းကမပြောတာလဲ။ ဘာလို့​မင်္ဂလာပွဲကိုမငြင်းတာလဲ။ ခုမှ.... ခုမှ... ငါကဘာပြန်လုပ်ပေးရမှာလဲ.... ကွာရှင်းရမှာလား။

ငါ.... ငါ.... အဲ့လိုမလုပ်နိုင်ဘူး oppa​ ကိုမစွန့်လွှတ်နိုင်ဘူး။ ငါ​အတ္တ​ကြီးနေလား။ ငါပျော်ဖို့ သူကစိတ်ဆင်းရဲနေရမှာလား။ နေပါဦး ငါကကော တကယ်ပျော်မှာမို့လား။ နင်အရူးပဲ။

လက်လွှတ်ပေးလိုက်တော့မယ်....။ ဟုတ်တယ်။ ဒါဆိုသူတို့သိပ်ပျော်နေမှပဲ။ ညက​ အဲ့မိန်းမနဲ့စကားပြောနေတော့ oppa​ ဘယ်လောက်တောင်ပျော်နေလိုက်လဲ ပြုံးပြီးစကားတွေပြောနေလိုက်တာများ.... ။

အိမ်ရှေ့ကကားရပ်သံကြောင့် အတွေးစတွေကိုလက်စသတ်ကာ မျက်ရည်တွေကိုလက်ခုံနဲ့ဖိသုတ်ရင်း​ ကော်ဖီဆက်သောက်နေလိုက်သည်။

အင်... ငါတွေးတာဘယ်လောက်ကြာသွားလဲမသိ အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီတွေတောင်အေးစက်လို့....

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now