Ep-26

1K 102 0
                                    

♥Unicode♥

တစ်ညလုံးကလေးပျောက်ရှာပုံတော်ဖွင့်ရင်း... ဟိုတယ်​ အပြင်ရောအတွင်းပါနှံ့အောင်လိုက်ရှာပေမယ့်မတွေ့ ညဥ့်ဆယ်နာရီပဲကျော်နေပြီ အခန်းထဲများပြန်ရောက်နေလားဆိုပြီး အခေါက်ခေါက်ပြန်ရှာရတာလဲအမော....

မောမောနဲ့ ဟိုတယ်ရှေ့ကခုံပေါ်ခြေပစ်လက်ပစ်ထိုင်လိုက်ရင်း​ လက်ထဲကဖုန်းလေးကတုန်ခါလာလေရဲ့....။

"Hello。。。。"

နံပါတ်မကြည့်ဘဲ စိုးရိမ်တကြီးကိုင်လိုက်ပေမယ့် တစ်ဖက်ကအော်သံကြောင့် နားနဲ့ဖုန်းကိုခွာလိုက်ရသည်။

"Hyung.... Jiji ကိုခုလာခေါ်...."

"ဟင်... Jiji​ ကမင်းတို့အခန်းထဲမှာလား"

ဟုတ်သား.... အာရုံတွေထွေပြားပြီး Kook​ နဲ့​ Tae ကိုမေ့နေတာ.... နေ​ပါဦး​ ဒီကောင်ကဘယ်အချိန်ကစပြီး ငါ့ကိုအော်တတ်သွားတာလဲ တွေ့မယ်။

ခြေလှမ်းကို Kook​ တို့အခန်းဘက်မပြေးရုံတမယ်ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။ ရောက်တော့​ အခန်းတံခါးပင်ခေါက်စရာမလို အခန်းပေါက်ဝမှာ Kook​ ကော​ Tae ကော​ Jiji​ ကိုတွဲရက်စောင့်နေသည်....

ခေါင်းစုတ်ဖွားနဲ့ မျက်နှာတွေရဲစပ်ပြီး​ပါးစပ်ကလဲဘာတွေရေရွတ်နေမှန်းမသိ.... ။ဘယ်လောက်တောင်သောက်ထားလို့ ဒီပုံစံဖြစ်နေတာပါလိမ့်... ။ Jiji​ ကိုဆွဲခေါ်လိုက်ပြီး....

"ဘာလို့ဒီလောက်တောင်သောက်ထားတာလဲ မင်းတို့ကမတားဘူးလား"

"ဘယ်တုန်းကတားလို့​ရဖူးလို့လဲဗျာ Hyung မသိတာလဲမဟုတ်ဘဲနဲ့"

"အေး.... သူကဘာဖြစ်နေတာလဲ"

"အသည်းကွဲနေလို့တဲ့ Hyung ကသူ့ကိုဂရုမစိုက်ဘူး မချစ်ဘူးဆိုပြီး မနက်ကတည်းကဒီအခန်းထဲလာသောက်နေတာ​ ဘယ်လိုနှင်နှင်နှင်လို့ကိုမရဘူး"

"​ဒါကို​မင်းကအစတည်းကငါ့ဘာလို့မပြောတာလဲ လဒရဲ့ ခုမှပြောရလား"

"​ရော... Hyung.ကိုပြောရင်သတ်ပစ်မယ်ဆိုပြီး တစ်ချိန်လုံးချိန်းခြောက်နေတာ​ ဘယ်သူကပြောရဲမှာလဲ ခေါ်သွားတော့ဗျာ "

ခေါင်းကုတ်ပြီး တံခါးစောင့်ပိတ်လိုက်တဲ့​ Kook ကြောင့်​ ဒေါသထွက်သွားပြီး

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now