Ep-32

1.2K 96 0
                                    

♥Unicode♥

တစ်ညလုံး​ ဆိုဖာပေါ်ငုတ်တုတ်ထိုင်နေတာ​ မိုးလင်းလို့လင်းမှန်းမသိ။ ပူလောင်လိုက်တာကလေးရယ်။ မင်းမရှိဘဲ ကိုယ်တစ်ကယ်မနေနိုင်တော့ဘူး။

"တီ... တီ... တီ"

ရုတ်တရက်ထမြည်လာတဲ့ဖုန်းလလေးကို မျှော်လင့်တကြီးကောက်ကိုင်လိုက်ပြီး

"ဘယ်လိုလဲ... ရှာတွေ့ပြီလား"

"Hyung... Jiji အိမ်ကိုအမြန်လာခဲ့ အဲ့ရောက်မှဆက်ပြောမယ်"

ဆက်သွယ်မှုပြတ်တောက်သွားတဲ့ဖုန်းလေးကိုကြည့်ပြီး အနွေးထည်တောင်မဝတ်နိုင်။ ကားသော့ယူပြီးပြေးထွက်ရပြန်သည်။

အိမ်ထဲမှာ လူစုံတက်စုံ။ အလွန်အင်မတန်မှတွေ့ချင်လှတဲ့မိန်းကလေးတော့မပါပေ။ ပျက်ယွင်း​နေတဲ့အမူအယာတွေကြောင့် ကောင်းတာတော့မဖြစ်နိုင်။

"​Hyung.... လာပြီလား"

"​အင်း.... Jiji​ ကော"

"သား.... Jiji​ ကသားနဲ့ကွာရှင်းရှင်တယ်ပြောတယ်"

"နားလည်မှုလွဲတာပါ သူစိတ်ဆိုးလို့လျှောက်ပြောနေတာပါ ကျွန်တော်သူနားလည်အောင်ရှင်းပြပေးမှာမလို့ ကွာရှင်းမပေးနိုင်ပါဘူး.... Jiji ထွက်ခဲ့ပါကွာ.... ကိုယ်ရှင်းပြပါရစေ"

Jiji's appa​ ကပုခုံးလာကိုင်ပြီး သက်ပြင်းတစ်ချက်ချကာ

"​ သမီးလေးကထွက်သွားပြီ သူဘယ်သွားလဲဆိုတာ ဦးတို့တစ်ကယ်မသိတာ လုံးဝမဆက်သွယ်ပါနဲ့ လိုက်ရှာရင် ကိုယ့်ဘာကိုယ်သက်သေပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ် လိုက်မရှာရဲဘူး ဦးသမီးအကြောင်းကို မင်းအသိဆုံးနေမှာပါ"

အားလုံးရှေ့ အရုပ်ကြိုးပြတ် ဒူးထောက်ချလိုက်တယ်။ မျှော်လင့်ချက်မဲ့နေတဲ့မျက်လုံးတွေမှာ မျက်ရည်လေးတွေဝေ့သီလို့ပေါ့။

အသည်းကွဲတယ်ဆိုတာ ဒါမျိုးလား။ ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်ပြီး​ ရစရာမရှိအောင် ဒဏ်ရာတွေနဲ့ပြည့်နှက်နေတယ်။ တစ်ခါတစ်ရံမှသောက်ဖြစ်တဲ့အရက်က အချိန်ပြည့်လူကိုဝါးမြိုလာတယ်။

ခမ်းနားမှုမရှိတဲ့အသည်းကွဲခြင်း။ အဟင်း.... ခမ်းနားမှု။ အသည်းကွဲမှတော့ ခမ်းနားတော့မလား။ ငါကြောင်လိုက်တာ။

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now