Ep-31

1K 81 0
                                    

♥Unicode♥

မနက်စာ​စားပြီး​ ဆေးရုံသွားဖို့ပြင်ဆင်နေတုန်း

"oppa.... ဒီနေ့အစောပြန်ခဲ့နော် Jiji​ ပြောစရာရှိတယ်"

အင်္ကျီ​ကြယ်သီး​တပ်နေရင်း

"အင်း... ခုပြောလဲရတယ်လေ ကိုယ်နောက်မကျသေးဘူး"

"arrnyi... ညနေမှပြောမယ်"

"ကောင်းပြီလေ.... ဒါဆိုညနေမှတွေ့မယ်"

အပြင်ထွက်ဖို့ခြေလှမ်းပြင်နေဆဲ နောက်ကနေခါးကိုတင်းနေအောင်ဖက်လိုက်တာကြောင့်​ ရပ်လိုက်ပြီး ခါးပေါ်ကလက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ကာ

"Jiji... ဘာဖြစ်လို့လဲ နေကောကောင်းရဲ့လား oppa​ ဆေးရုံမသွားပဲနေရမလား"

"ဟင့်​အင်း... ခဏလေး"

ကျောပြင်ကပူနွေးပြီးစိုစွတ်လာတာကြောင့်

"Jiji... ကလေးလေး အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲကိုယ့်ကိုပြော"

"ဘာမှမဖြစ်ဘူး... Oppa သွားမှာဆိုသွားတော့လေ"

"တကယ်ဘာမှမဖြစ်ဘူးနော်"

"အင်း"

"ဒါဆိုကိုယ်သွားပြီနော်.... တစ်ခုခုဆိုဖုန်းတန်းဆက်နော်"

ထားသာထားခဲ့ရတယ် စိတ်တော့မချ...။ ဒီကလေးဘာတွေဖြစ်နေတာပါလိမ့်.... ။

...........................

Flash back....

လွန်ခဲ့သောဆယ်နှစ်ခန့်က.....​

"​oppa.... သွားကောက်ပေး"​

နှုတ်ခမ်းလေးဆူပြီး လက်ကိုဆွဲရမ်းကာ ပူဆာနေတဲ့ကလေးမလေးကိုကြည့်ပြီး​ သက်ပြင်းတစ်ချက်ချကာ

" ခဏစောင့်နော် လမ်းကူးလို့ရရင် oppa သွားကောက်ပေးမယ် ဟုတ်ပြီလား"​

"မရဘူး... မရဘူး.... ခုကောက်ပေး.... မကောက်ပေးရင်ငိုမှာနော်"​

"Jiji... မဆိုးနဲ့နော် oppa​ ပြန်ကောက်ပေးမယ်ပြောနေတယ်လေ ခဏလေးစောင့်ရမှာကိုဘာဖြစ်နေတာလဲ"​

နှစ်ယောက်သား​ လမ်းဘေးပလပ်ဖောင်းပေါ်ရပ်ပြီး အခြေအတင်စကားများနေကြလေရဲ့

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now