Ep-22

1K 105 2
                                    

♥Unicode♥


အခန်းထဲပြန်ပြီး ရေချိုးကာ TV ဖွင့်ကြည့်နေသော်လဲ​စိတ်ကမဖြောင့်

တစ်ပတ်တောင်လိုသေးတာကို ဒီကောင်ဘာလာလုပ်တာပါလိမ့်

အလုပ်​ကိစ္စ​လဲမဖြစ်နိုင် ဒီကောင်ကအလုပ်ဆိုမယ်မယ်ရရလုပ်တဲ့ကောင်မဟုတ်​ အားတိုင်းယားတိုင်းမိန်းမတွေနဲ့ခြေရှုပ်နေတဲ့ကောင်

သက်ပြင်းချလိုက်ပြီး TV ပြန်ပိတ်ကာ အပြင်ထွက်လာခဲ့လိုက်သည်.... ခြေလှမ်းတွေက​ မင်္ဂလာပွဲကျင်းပမည့်နေရာသို့

ထိုနေရာရောက်တော့ အမောဆို့ချင်သလိုတောင်ဖြစ်သွားတယ် သကောင့်သားက Jiji နဲ့​ပူးပူးကပ်ကပ်ရှိနေပြေား ဘာတွေပြောပြီးသဘောကျနေမှန်းမသိ

ဒါများဟိတ်ကြီးဟန်ကြီးနဲ့ သီတင်းသမားတွေကို ငေါက်ငမ်းလို့ ကိုယ်တိုင်ကျ​အနေအထိုင်မဆင်ခြင်

ဒီကောင့်ကြည့်ပြောနေလို့ ကျွန်တော့်​မယား​အိမ်သူသက်ထားချစ်ဇနီးကို အပြစ်မမြင်လေဘူးမပြောလေနဲ့ နဲနဲတော့တင်းတာပေါ့

ဒီလောက်​ ဒီလောက်ခန့်ငြားတဲ့ယောက်ျားရထားတာတောင် တစ်ခြားယောက်ျားတွေနဲ့ရင်းရင်းနှီးနှီးနေနိုင်သေးတယ်

မဖြစ်ခြေဘူး ကိစ္စ​ကိုအမြန်ရှင်းမှဖြစ်ပေတော့မယ်

ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာ ပြီးမှသောက်တလွဲတွေကြည့်

ခပ်တည်တည်နဲ့ Jiji နားကပ်သွားပြီး

"Jiji.... ကိုယ်ဘာဝိုင်းကူပေးရဦးမလဲ"

"ရတယ်​ Oppa.... အေးဆေးအနားယူနေ Myung  Soo​ ကူပေးနေတယ် မလိုတော့ဘူး"

မော့တောင်မကြည့်ပဲပြောလာတဲ့​ Jiji စကားကြောင့် ရင်ထဲအင့်ခနဲ

ဘာသဘောလဲ... လူကိုရွဲ့တာလား.... ဂါး....

ဂျယ်လီနင်ပြီး ပြန်လာခဲ့ရပေမယ့်​စိတ်တွေ​ ဂဏှာမငြိမ်

အခန်းထဲ​ ဟိုလျှောက်သည်လျှောက် လျှောက်လိုက် ဖုန်းကြည့်လိုက် TV ဖွင့်လိုက် အပြင်ထွက်လာလိုက် အခန်းထဲပြန်ဝင်လာလိုက်နဲ့

စိတ်တွေစုစည်းမရတဲ့အဆုံး အိပ်ဆေးတစ်ခြမ်းသောက်ကာ အိပ်လိုက်မှပဲ အဆင်ပြေတော့သည်

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now