Ep-23

1K 102 1
                                    

♥Unicode♥

ဒီကောင်မှာတော့ သူ့ကြောင့်ဖျားပါဖျားသွားရတာကို လျစ်လျူရှုရဲတယ်

ဘာလဲ​ အဲ့ကောင်နဲ့ရင်းရင်းနှီးနှီးနေတာမကြိုက်ဘူးလို့​ ဖွင့်ပြောမှသိမှာလား ဒီလောက်အမူအရာတွေကမလုံလောက်သေးဘူးလား... ပြောပြန်ရင်လဲ ဒီကောင်ကသဘောထားသေးသိမ်တယ်ဖြစ်ဦးမယ်

နှုတ်ခမ်းဆူပြီး ဝင်အိပ်နေလိုက်တယ် သူမဝင်လာတာသိပေမယ့် မျက်လုံးဖွင့်မကြည့်ဖြစ်ဘူး အမူလွန်ပြီး အိပ်ချင်ယောင်ဆောင်ကာမှ တကယ်အိပ်ပျော်သွားရော

ညနေစောင်းမှနိုးလာကာ ထလိုက်တော့ Jiji ကခြေရင်းမှာ TV ကြည့်လို့

နိုးနေပေမယ့် အိပ်ယာထဲကမထဖြစ်သေး

"ဒေါက်.... ဒေါက်.... ဒေါက်"

အခန်းတံခါးခေါက်သံကြောင့် Jiji တံခါးသွားဖွင့်ပေးတော့ Kook တို့လာသည်ထင်တာ

"ဟဲ့.... မြန်မြန်အဝတ်သွားလဲ.... ငါနဲ့လေဆိပ်ခဏလိုက်ခဲ့ဦး"

အခန်းထဲထိ​ Jiji ကိုတွန်းပြီး​ ဝင်လာတာကြောင့် ဒေါသကထောင်းခနဲ... မနက်ကအရှိန်တောင်မပြယ်သေး ဒါကိုဒင်းကထပ်ရောက်လာပြန်ပြီ

"​Hi...​Hyung...."

အမယ်.... ဒင်းကတော့ သူ့ကိုကြည်မှန်းသိ မကြည်မှန်းသိ ခပ်တည်တည်နဲ့​ နှုတ်ဆက်နေပြန်ရော....

"​လေဆိပ်ဘာသွားလုပ်မှာလဲ... နေဦး​ ငါလဲ လိုက်မယ်"​

ပြောပြီး​အဝတ်တွေထလဲကာ

"ရပြီ... သွားစို့"​

Myung Soo နဲ့​ Jiji​ ကတော့​ ကြောင်တောင်တောင်နဲ့ နောက်ကနေလိုက်လာရသည်....

လေဆိပ်ရောက်တော့.... "Hello​ Daddy" ဆိုတဲ့စာတန်းကြီးကို​ Jiji ကိုကိုင်ခိုင်းကာ သူကဘေးကရပ်နေသည်

ဒီနှစ်ယောက်ကိုကြည့်မရချင်တော့.... Jiji ကိုဖယ်ခိုင်းကာ သူပဲ​ ထိုကဒ်ကိုဝင်ကိုင်လိုက်တယ်

"ဘာလဲ... နင့်အဖေလာမှာလား"​

"အေးအဲ့လိုပဲပေါ့"​

Jiji အမေးကိုရယ်ကျဲကျဲနဲ့ဖြေကာ

"ခဏနေလာလိမ့်မယ် စောင့်ကြည့်လိုက်"

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now