Ep-30

1K 100 0
                                    

♥Unicode♥

"ဖွားဖွား.... အရင်က​ကိစ္စ​ကြောင့်များ​ oppa​ က​ သူ့နှလုံးသားကိုစတေးပြီး​ Jiji​ ကိုဂရုစိုက်ပေးနေတာလားမသိဘူးနော်"

ချစ်ရတဲ့အဖွားဓါတ်ပုံကိုကြည့်ပြီး အတိတ်ကအဖြစ်ပျက်ကို ရေရွတ်နေမိသည်။

"ဒီလိုဆိုရင် Jiji အဲ့ဒီ့ဂရုစိုက်မှုတွေမလိုချင်ဘူး ဖွားဖွား"​

"oppa ကိုလွတ်လပ်ခွင့်ပေးလိုက်ချင်ပြီ"​

"သမီးနာကျင်ရမယ်ဆိုပေမယ့်လဲ​ Oppa ကိုတော့ပျော်စေချင်တယ်"​

"ဒီအချုပ်အနှောင်ထဲမှာ ပိတ်လှောင်မထားချင်ဘူး"​

"လွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်တော့မယ်"​

"အဲ့တုန်းက ကိစ္စ​အတွက်သမီးနောင်တအရမ်းရတာပဲ တကယ်ဆိုအဲ့လိုမလုပ်ခဲ့သင့်ဘူး"

"​oppa လဲစိတ်မသက်မသာဖြစ်နေမှာပဲ"​

" အတိတ်ကိုပြန်သွားလို့ရရင် အဲ့လိုကတိတွေ​ အတင်းကြပ်တောင်းခဲ့မိမှာမဟုတ်ဘူး"

"​တောင်းပန်ပါတယ် ဖွားဖွား Jiji ကသိပ်ဆိုးနေလားဟင်"

နှလုံးသားကမ်းရိုးတန်းကနေ​လျှံတက်လာတဲ့ သွေးမျက်ရည်တွေကို မျက်ရည်မြစ်ဖျားက ဆားငန်ရည်တွေအဖြစ်ပြောင်းလဲပြီး ပါးပြင်တစ်လျှောက်ပူနွေးစွာ စီးဆင်းခွင့်ပြုနေခိုက် လှေကားကခြေသံကြောင့်​ ကဗျာကယာ မျက်ရည်မြစ်လေးကို ဖယ်ရှားလိုက်သည်။

"​ဪ... Jiji​ ကဒီရောက်နေတာပဲ"

" အင်း.... ဘာ​ကိစ္စ​ရှိလို့လဲ"

အေးစက်ပြီးအက်နေတဲ့အသံက သိပ်မကျယ်ပေမယ့် အသံလုံခန်းထဲမှာတော့ ပဲ့တင်ရိုက်သွားသည်။

စိတ်မကြည်သေးဘူးဆိုတာသိပေမယ့် မပြောလို့ကလဲမဖြစ်

"စနေနေ့​ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ် Jiji​ လိုက်ခဲ့မလား"​

"ဟိုမိန်းမကောလာမှာလား"

"​ဘယ်သူ.... ဪ... စီနီယာယူမီလား အင်း.... လာမှာပေါ့"​

"ကောင်းပြီလေ လိုက်ခဲ့မယ်"​

ချက်ချင်းဆိုသလို မျက်နှာလွှဲသွားပြီး အဖွားဓါတ်ပုံတွေကို ငေးနေတာကြောင့် တံခါးလေးအသာစေ့ပေးခဲ့ကာ အပြင်ထွက်လာလိုက်သည်။

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now